About

လူကြည့်အများဆုံးနေရာများ

Sunday, August 28, 2016

ZTE Axon 7 ဖုန်းကို TWRP Recovery ထည့်သွင်းပြီး Root လုပ်နည်း

ZTE Axon 7 ဖုန်းကို TWRP Recovery ထည့်သွင်းပြီး Root လုပ်နည်း

ZTE Axon 7 ဖုန်းကို TWRP Recovery သွင်းပြီး Root လုပ်နည်းကို
အလိုရှိနေကြတဲ့သူတွေအတွက် Update New ကိုမျှဝေပေးလိုက်ပါတယ်။

ဒီဖုန်းကို Root လုပ်မယ်ဆိုရင်တော့ Custom Recovery ထည့်သွင်းရပါမည်၊
ပြီးရင် Supersu ဖြင့် Flash ပေးပြီး Root Access ကိုရယူနိုင်မှာပဲဖြစ်ပါတယ်။

 မှတ်ချက်
=====
#ဖေါ်ပြပါ နည်းလမ်းသည် ZTE Axon 7 အတွက်
သာသီးသန့်ဖြစ်ပြီး တစ်ခြား Device များကိုထည့်သွင်းခြင်းမျိုးမပြုလုပ်ပါရန်။

#ဖုန်းကို Root လုပ်ခြင်းသည် ဖုန်း၏ warranty ကို ပျစ်စေနိုင်ပါတယ်။

#Root ရန်အတွက် Instruction ကိုအတိုင်းပြုလုပ်ပါရန်။

#မိမိဖုန်းမှာ Brick တစ်ခုခုဖြစ်ခဲ့သော် ဇူးနစ်(နည်းပညာ)မှ တာဝန်မယူပါ။

#ဖုန်းက erase ဖြစ်နိုင်တာမို့ Backup ပြုလုပ်ထားလိုက်ပါ။

#ဖုန်းမှာ ဘက်ထရီအား အနည်းဆုံး 50-60% charge ရှိနေရပါမည်။

Root လုပ်ခြင်း၏ ကောင်းကျိုးအချို့
===================
၁။ သင့်ဖုန်းကို Custom Rom & Kernel များထည့်သွင်းနိုင်ပါတယ်။

၂။ Ads များကို Block ပြုလုပ်ထားနိုင်ပါတယ်။

၃။ Performance နှင့် battery life အပါအ၀င် 
background process များကို စိတ်ကြိုက် စီမံထားနိုင်ပါတယ်။

၎။ Titanium Backup စတဲ့ Data recovery apps များကို အသုံးပြုပြီး
apps and data များကို Backup & Restore အလွယ်ပြုလုပ်ယူနိုင်ပါတယ်။

၅။ မလိုအပ်တဲ့ apps များနဲ့ bloatware ဆော့ဝဲများကို 
အလွယ်တကူ uninstall ပြုလုပ်နိုင်ပါတယ်။

လိုအပ်ချက်များ
=========
၁။ ဖုန်းမှာ Bootloader Unlock ပြုလုပ်ထားရပါမည်။

၂။ ADB and fastboot နဲ့ driver ကို ကွန်ပျူတာတွင် Install ပြုလုပ်ထားရပါမည်။

၂။ TWRP Recovery for ZTE Axon 7

၃။  SuperSu.zip for ZTE Axon 7


ZTE Axon 7 ဖုန်းကို Bootloader Unlock ပြုလုပ်နည်း

Minimal ADB and Fastboot Tool

Download Here ADB & Fastboot Zip

အကောင်းဆုံး ADB and Fastboot ကို ၁၅ စက္ကန့်ဖြင့် Install ပြုလုပ်နည်း

Download TWRP 3.0 Recovery for ZTE Axon 7

Download SuperSu to root ZTE Axon 7

Huawei P9 Plus ဖုန်းကို Root လုပ်နည်း
======================
၁။ ဖုန်းမှာ OEM & USB Debugging Mode ကို Enable ပြုလုပ်ပါ။

၂။ TWRP Recovery File ကိုဒေါင်းလော့ရယူလိုက်ပြီး ‘recovery.img’ ဆိုပြီး
နာမည်ပြောင်း ADB & Fastboot Folder မှာထည့်ထားပါ။

၃။ ကွန်ပျူတာတွင်လိုအပ်မယ့် ADB & Fastboot Driver ကိုသေချာအောင်လုပ်ပါ။

၎။ Fastboot Folder ကိုဖွင့်လိုက်ပြီး Shift key and right-click တစ်ချက်ထောက်ပြီး
“open a new command window here” ဆိုတာကိုနှိပ်လိုက်ပါ။


၅။ ဖုန်းနဲ့ ကွန်ပျူတာကို ချိတ်ဆက်ပြီး အောက်ပါစာကြောင်းကို 

 ထပ်ရိုက်ထည့်ပြီး Enter ကိုခေါက်ပါ။

“adb reboot bootloader”

သို့တည်းမဟုတ် ဖုန်းကို ပါဝါပိတ်ပြီး “Volume Down+Home Buttons" ကီးများကို
တစ်ပြိုက်နက်တည်း တွဲနှိပ်ပြီးလည်း ၀င်ယူနိုင်ပါတယ်။

၆။ ဖုန်းမှာ Fastboot mode သို့ရောက်သွားတဲ့အခါ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်မှု 

အဆင်ပြေ မပြေ အောက်ပါ Command ကို ရိုက်ထည့်ပြီး Enter ခေါက်ပါ။

fastboot devices


၇။ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်မှု အဆင်ပြေတာနဲ့ အောက်ပါ
Command ကို ထပ်ရိုက်ထည့်ပေးပြီး Enter ကိုထပ်ခေါက်ပေးလိုက်ပါ။

fastboot flash recovery recovery.img


၈။ Process တစ်ခု အောင်မြင်စွာဖြင့် ပြီးဆုံးသွားတဲ့အခါ ဖုန်းကို 

Recovery Mode သို့ ဝင်ကြည့်လိုက်ပါ၊ ဒီအတွက် အောက်ပါ 

comannd ကို ရိုက်ထည့်ပြီး ၀င်ကြည့်လိုက်ပါ။

fastboot boot recovery.img


၉။ သို့တည်းမဟုတ် Hard ware Button များကို အသုံးပြုပြီး ပုံမှန်အတိုင်း
“volume up + power button” များကို တွဲနှိပ်ပြီးတော့လည်း ၀င်နိုင်ပါတယ်။

၁၀။သင့်ဖုန်းမှာ TWRP Recovery ဖြင့်မြင်နေရရင်တော့
ဖုန်းကို Custom Recovery ထည့်သွင်းခြင်းအောင်မြင်ပါပြီ။

  SuperSU-update.zip ဖြင့် Root ပြုလုပ်နည်း
===========================
၁။ ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ။

၂။ SuperSU-update.zip ဖိုင်အား SD card ထဲသို့ ထည့်ပါ။

၃။ ဖုန်းမှာ Custom Recovery mode သို့ဝင်လိုက်ပါ။

၎။ Custom Recovery mode တွင် Nandroid Backup ပြုလုပ်ထားလိုက်ပါ။

(ဒီအတွက် Backup ဆိုတာကို နှိပ်ပေးပြီး Backup လုပ်ထားရုံပါပဲ၊ ဖုန်းမှာ အကြောင်းကြောင့်
တစ်ခုခုဖြစ်ခဲ့ရင်တော့ နဂိုမူလ Stock Rom နဲ့ Custom Recovery ထည့်သွင်းထားပြီးသား
အနေအထားအားလုံးကို အလွယ်တကူ Restore ပြုလုပ်ယူနိုင်ပါတယ်)

၅။ Custom Recovery mode တွင် Install ကို တစ်ချက်နှိပ်လိုက်ပါ။

၆။ SuperSU-update.zip အား install လုပ်ပြီး Reboot ချပေးလိုက်ပါ။

၇။ ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root Access ရရှိနေပါပြီ။

၈။ RootChecker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။

## Credit ... Zunite

လိုအပ်တာများကိုဝေဖန်အကြံပြု နိုင်ပါတယ် ####

                                    ဦးသူရိန် ( နည်းပညာ )

5 comments:

အခု​ရေးထားတဲ့ZTE root က ZTE Axon mini အတွက်​ရပါသလာ

အခု​ရေးထားတဲ့ZTE root က ZTE Axon mini အတွက်​ရပါသလာ

zte axon mini အတွက်​ root ​ဖောက်​နည်း​လေး​ပေးပါအုံး

zte axon mini အတွက်​ root ​ဖောက်​နည်း​လေး​ပေးပါအုံး

စာလဲမပြန်​ပါလာ

Post a Comment