About

လူကြည့်အများဆုံးနေရာများ

Saturday, August 27, 2016

Charging ပေါင်းချုပ် အနှစ်ထုတ်မယ်


Charging ပေါင်းချုပ် အနှစ်ထုတ်မယ်
---------------------------------
အပြာရောင်လမ်းကြောင်းက CHG ပင်မလမ်းကြောင်းပါ။
USB ကြိုးထိုးချိန်မှာ R908 နှင့် R906 တို့ရဲ့အခြေမှာ
5V ရေက်ရှိနေပါတယ်။
( မီတာဖြင့်တိုင်းတာခိုင်းခြင်းမဟုတ်ပါ။)
R908 ကတော့ USB ထိုးတာနဲ့
Q901 ကို 10k resistor ဖြင့် V လျော့ချပြီး
စေခိုင်းပါတော့တယ်။
R906 နဲ့ R907 ကတော့ PMU အတွက်
အာရုံခံလမ်းကြောင်း Sensor အတွက်
Voltage လျော့ချပေးတာဖြစ်ပါတယ်။
Q302 ကတော့ CHG ရဲ့ အဓိက Switch
တစ်ခုဖြစ်ပါတယ်။
အလုပ်လုပ်ပုံ
Q302 on ပါမှ CHG သွင်းမှာပါ။
Q302 အလုပ်လုပ်ဘို့ရာ Q901 ကနေထွက်လာတဲ့
အနီရောင်လမ်းကြောင်းအထူမှာ control V
ရောက်ရပါမယ်။
ထိန်းချုပ်မှု အဆင့်ဆင့်
(1) Q302
Charging Main Switch ဖြစ်တဲ့Q302 ကို
Q901 ကထိန်းချုပ်ပါတယ်။
ဘယ်လိုထိန်းချုပ်တာပါလဲ Q901 ရဲ့အထွက်ကနေထိန်းချုပ်ထားတာပါ။
ဒါဆို Q901 မှာ အဝင်ရှိနေရဦးမှာပေါ့။
အဲအဝင်လမ်းကြောင်းက MT6320GA လို့ခေါ်တဲ့
PMU ကနေလာတာပါ။
(2) Q901
Q901 ကိုကျ CHG 5V ကနေထိန်းချုပ်ပါတယ်။
(3) PMU
PMU ရဲ့ K15 pin မှာ control V ထွက်မှ
Q901 ကနေတဆင့် Charging Main Switch
Q302 ကိုထိန်းချုပ်ပြီး အလုပ်လုပ်စေမှ
Charging process တစ်ခုဟာ
Complete process ဖြစ်လာရပြီး
Charging သွင်းမှာပါ။
PMU ရဲ့ K15 pin ကို
W17 pin မှ usb 5V နဲ့ Battery 3.7V တို့
Parallel တွဲထားပြီး ရရှိတဲ့ ကြား voltage
တစ်ခု (sensor) ကနေ ထိန်းချုပ်တာပါ။
(4) Charging ပုံပြခြင်း၊
Battery % ဖော်ပြခြင်းတို့ကို PMU ကနေ
CPU နှင့်ဆက်သွယ်ပြီး Display မှာဖော်ပြပေးပါတယ်။
ဘယ်လိုအလုပ်လုပ်သလဲ
CHG စသွင်းချိန် ၎င်း CHG Voltage သည်။
R908 ( Q901 control )
R906 ( CHG sensor voltage )
Q302 ( CHG Main SW )
စတာတွေမှာ 5V ရောက်ရှိနေပါပြီ။
5V သည် R908 ကိုဖြတ်သန်းပြီး
Voltage လျော့ကာ Q901 ကို
CHG သွင်းသွင်းချင်း စတင်အလုပ်လုပ်စေပါပြီ။
သို့ပေမယ့် Q901 ရဲ့အဝင်မှာ control V
ရှိနေပါမှ Q302 ကိုစတင်ပြီး အလုပ်လုပ်စေမှာပါ။
အဲအဝင်ကို
USB နှင့် BAT တို့ parallel အနေအထားချိတ်ဆက်ပြီး
ရရှိလာသော ကြား voltage တစ်ခုသည်
R906/ R907 တိုကိုဖြတ်သန်း
Voltage လျော့သွားကာ sensor အနေနဲ့
အလုပ်လုပ်ပြီး Full charge Voltage တစ်ခုမရောက်မချင်း
PMU ရဲ့ K15 pin ကို control voltage တစ်ခု
သက်ရောက်စေရန် on ပေးထားပါတယ်။
Full charge ရဲ့ သတ်မှတ် voltage ရောက်ပြီဆိုရင်
K15 pin ကိုဖြတ်တောက်ပစ်ပြီး 0V ဖြစ်စေကာ
CHG ဆက်မသွင်းတော့ပါဘူး။
စာအနေနဲ့ဆိုတော့ နားလည်လွယ်အောင်
ကျွန်တော်ဒီလောက်ပဲရေးနိုင်တဲ့အတွက်
အဆင်မပြေတာရှိရင် နားလည်ပေးစေလိုပါတယ်။
Error များ
R ပြစ်ချက်များ
R908 မကောင်းလျှင် Q901 အလုပ်မလုပ်သည့်အတွက်
CHG မဝင်တော့ပါ။
R906/907 တွင် High Ohm ဖြစ်ပါက
Sensor V နဲနေပြီး Full CHG မဖြစ်တော့ပဲ
Battery အားပြည့်သည့်တိုင်
Display တွင် 100% မပြတော့ပါပဲ
မှားယွင်းသော % တစ်ခုခုကိုသာလျှင်ပြနေပါလိမ့်မည်။
Battery ပူတတ်သောအခြေအနေများလည်း
ဖြစ်တတ်ပါသေးသည်။
Low Ohm ဖြစ်ခဲ့လျှင်
Battery အားမပြည့်တဲ့အခြေအနေမှာပင်
Full CHG ပြပြီး အားသွင်းခြင်းကို
ရပ်ဆိုင်းပြစ်ပါလိမ့်မည်။
ထိုအခြေအနေတွင် Full CHG 100% ပြပြီး
Battery မပျက်ပါပဲ အသုံးမခံတော့သည့်
အခြေအနေများ ဖြစ်ပေါ်လာရပါသည်။
Low Ohm ဖြစ်ရန် ရေဝင်ပါက R အခြေတွင်
ဆားပေါက်ပြီး ၎င်းဆားသည် Carbon ဖြစ်ကာ
မူရင်း R ၏ resistance နှင့် Carbon ၏
Resistance တို့ parallel အနေအထားဖြစ်သွားပြီး
Theory အရ resistance လျော့ကျသွားပါသည်။
PMU
မကောင်းလျှင် sensor များကို on မပေးနိုင်ခြင်းကြောင့်
အားမဝင်တော့ပါ။
PMU အောက်တွင် ဆားပေါက်ပြီး
PMU အောက်ရှိ V တနေရာရာနှင့်
K15 / W17 pin တို့ညိစွန်းပါက
CHG မသွင်းပဲ CHG sign ပြနေခြင်း
Battery % မှားယွင်းခြင်း
PMU နှင့် CPU ချိတ်ဆက်သောလမ်းကြောင်း
ချို့ယွင်းပါက % မပြခြင်း
CPU မကောင်းပါက
ပုံမှန်အားဝင်ပါသော်လဲ
Display တွင် CHG Sign / % မပြခြင်းတို့ဖြစ်ပေါ်
တတ်ပါသည်။

Credit ... Zay Yar Aung ( SMART )

0 comments:

Post a Comment