About

လူကြည့်အများဆုံးနေရာများ

Saturday, August 27, 2016

AM & ZP IC ( ခ ) DC to DC Converter အကြောင်း

AM နဲ့ ZP IC တွေကို
DC to DC Converter လို့ခေါ်ပါတယ်။
PMU ကနေထုတ်ရင် PMU ရဲ့ဝန်ခံနှိုင်မှု
မနိုင်နင်းဖြစ်မစိုးလို့
AM IC သည် 3.7V ကနေ 1.8V ထုတ်ဘို့ရာ
အသုံးပြုပြီး
ZP IC ကိုတော့ 2.8V အတွက်အသုံးပြုပါတယ်။

၎င်း IC တွေရဲ့ အဝင်ကို 3.7V ပေးသွင်းရပြီး
အဖွင့်အပိတ်ဖြစ်တဲ့ control pin မှာ 1.8V
ရှိနေပါမှ 1.8 V / 2.8 V တွေထုတ်ပေးနိုင်ကျပါတယ်

Honor အတော်များများနဲ့ Samsung တွေမှာ
ခုလို 4 pin IC တွေအသုံးပြုကျပါတယ်။
အဲတော့ ZP တွေ့ရင် 2.8V
AM တွေ့ရင် 1.8V ဆိုတဲ့အချက်တခုတည်းနဲ့တင်
Board အတော်များများကို ပြုပြင်နိုင်ပါပြီ။

တကယ်လို့ အဲ IC တွေကနေ Voltage တွေ ထုတ်မပေးနိုင်ခဲ့ဘူးဆိုရင်တော့
PMU ကနေလာတဲ့ 1.8V / 2.8V တို့ကို
တိုက်ရိုက်ပေးသွင်းနိုင်ပါတယ်။
မှတ်ချက်
ZP IC သည် 2.8V
AM IC သည် 1.8V
၎င်း IC တွေမှာ V ကျော်ပေးလိုလျှင်
စာကိုအတည့်ထားပြီး
IC ရဲ့အောက် ဘယ်ဘက်ဒေါင့် output မှာ
V ပေးသွင်းရပါမယ်။
မူရင်းပိုင်ရှင်ကို Credit ပေးပါတယ်

0 comments:

Post a Comment