About

လူကြည့်အများဆုံးနေရာများ

Tuesday, August 30, 2016

Mobile Internet အခြေခံ ဆက်သွယ်ရေး Applications များ

Mobile Internet အခြေခံ ဆက်သွယ်ရေး Applications များ ( Viber, Wechat, etc,... )
============================

မိုဘိုင်းဖုန်းမှတဆင့် အင်တာနက်အသုံးပြုမှု များလာ သည်နှင့်အမျှ တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရာတွင် မိုဘိုင်းဖုန်းများဖြင့် ဖုန်းပြောရုံသာမက အင်တာနက် အခြေခံ ဆက်သွယ်ရေး ဆော့ဖ်ဝဲ (Messenger) များကိုလည်း အသုံးပြု၍ ဆက်သွယ်လာကြသည်။ 

Messenger များသည် အင်တာနက်အခြေခံ၍ အလုပ်လုပ်ခြင်းဖြစ်သဖြင့် စာသားများအပြင် ဓာတ်ပုံ များ၊ စတစ်ကာများ၊ အသံဖိုင်များ၊ ဗီဒီယိုဖိုင်များကို ပေးပို့နိုင်သည့်အပြင် အသံပြောဆိုခြင်း၊ မက်ဆေ့ ပေးပို့ခြင်းတို့တွင် ပုံမှန်ဖုန်းခေါ်ဆိုခနှင့် မက်ဆေ့ပို့ခ များထက်လည်း ပို၍ သက်သာသည်။

Messenger များကို ထုတ်လုပ်သူများအနေဖြင့် အခြေခံအားဖြင့် အခမဲ့ပေးထားကြရာ နိုင်ငံတကာ ဈေးကွက်မှ Messenger များကို Android Application များ အခမဲ့တင်ပေးထားသည့် 
Google Playstore နှင့် 1 mobile market တို့မှ အခမဲ့ ရယူအသုံးပြုနိုင်သည်။ Messenger အသုံးပြု သူအချင်းချင်း ဆက်သွယ်သည်ထက်ပိုကာ မိုဘိုင်း ဖုန်းမှ ကြိုးဖုန်းများကို တိုက်ရိုက်ဖုန်းပြောဆိုနိုင်သည့် ၀န်ဆောင်မှုကိုမူ အခကြေးငွေဖြင့် ရောင်းချကြသည်။

မြန်မာနိုင်ငံမှ ဖုန်းသုံးသူအများစုအနေဖြင့် Viber ကို သုံးနေကြဆဲဖြစ်သော်လည်း နိုင်ငံတကာမှ Messenger ထုတ်လုပ်သူများက မြန်မာနိုင်ငံ ဈေးကွက်သို့ လာရောက်မိတ်ဆက်နေပြီဖြစ်ရာ အခြား Messenger အသစ်များကိုလည်း စမ်းသပ် အသုံးပြုနိုင်ပြီ ဖြစ်သလို စမ်းသပ်သုံးနေကြသူများ လည်း ရှိနေပြီ ဖြစ်သည်။ နိုင်ငံတကာတွင် ထိပ်တန်း အဆင့် ရောက်နေပြီး အခမဲ့လည်း သုံးနိုင်သည့် Messenger အချို့ကို ဖော်ပြလိုက်ပါသည်။

WeChat
..............
          WeChat သည် နိုင်ငံတကာတွင် လူသုံးများပြီး ဖြစ်သည့် Messenger တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံသို့ လည်း စတင်ဝင်ရောက်လာပြီ ဖြစ်သည်။ WeChat application ကို ထည့်သွင်းထားသူချင်း Internet မှ တဆင့် တစ်ဦးချင်းနှင့် အဖွဲ့လိုက် message ပေးပို့ ခြင်း၊ တစ်ဦးချင်း/ အဖွဲ့လိုက် ဖုန်းခေါ်ဆိုခြင်း၊ Video call ခေါ်ဆိုခြင်း တို့ကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ဓာတ်ပုံနှင့် ဗီဒီယိုများကို အပြန်အလှန် လျှင်မြန်စွာ ပေးပို့နိုင်ရန် လုပ်ဆောင်ချက်အသစ်များကိုလည်း ထည့်သွင်းထားကြောင်း၊ အင်တာနက်မှ သူငယ်ချင်း များသာမက မိမိဖုန်းတည်ရှိရာ အနီးဝန်းကျင်မှ WeChat အသုံးပြုနေသူများကိုပါ ရှာဖွေ၍ စကား ပြောဆိုနိုင် GPS အခြေခံ Friend Radar နှင့် Nearby စသည့် လုပ်ဆောင်ချက် အသစ်များလည်း ပါဝင်ကြောင်း သိရသည်။ မြန်မာဘာသာဖြင့် ရေးသား ထားသည့် မြန်မာစတစ်ကာအသစ် ၄၅ မျိုးကိုလည်း အခမဲ့ download ပြုလုပ် အသုံးပြုနိုင်သည်။ ဂိမ်း အချို့ကိုလည်း WeChat သုံးသူချင်း ယှဉ်ပြိုင် ကစား နိုင်သည်။

Viber
.........
        မြန်မာနိုင်ငံတွင် အသုံးအများဆုံးဖြစ်နေသော Viber ကို အခမဲ့ ရယူအသုံးပြုနိုင်သည်။ ဖုန်းနံပါတ် ဖြင့်သာ Viber account ကို ဖွင့်ရသဖြင့် User name နှင့် password များ သီးခြားမလိုအပ်သလို ဖုန်းတစ် လုံးတွင် Viber account တစ်ခုသာ သုံးနိုင်သည်။ Viber ထည့်ထားသည့် ဖုန်းအချင်းချင်း စာပို့ခြင်း၊ ဓာတ်ပုံနှင့် ဗီဒီယိုများပို့ခြင်း၊ viber call ပြောဆိုခြင်း တို့ကို အခမဲ့ သုံးနိုင်ပြီး Viber မထည့်ထားသည့် ဖုန်း များသို့ တိုက်ရိုက်ဖုန်းခေါ်နိုင်သည့် ၀န်ဆောင်မှုကိုမူ အခကြေးငွေထပ်ပေး၍ ၀ယ်ယူနိုင်သည်။ ပြည်ပဖုန်း သို့ ဆက်သွယ်ရသူများအနေဖြင့် ပုံမှန်ဖုန်းလိုင်းမှ ပြောဆိုချင်းထက် Viber ၏ တိုက်ရိုက် ဖုန်းခေါ်ဆိုမှု Viber Out ကို ၀ယ်ယူ အသုံးပြုခြင်းဖြင့် ကုန်ကျ စရိတ် သက်သာမည် ဖြစ်သည်။

WhatsApp
..................
         WhatsApp သည်လည်း 2G မှ 4G အထိ network အမျိုးမျိုးနှင့် WiFi network များ အပါအ၀င် မည်သည့် အင်တာနက်လိုင်းဖြင့်မဆို သုံးနိုင်သည့် Messenger တစ်မျိုးဖြစ်သည်။ WhatsApp ထည့် ထားသည့် ဖုန်းအချင်းချင်း စာပို့ခြင်း၊ ဓာတ်ပုံနှင့် ဗီဒီယိုများပို့ခြင်း၊ အသံမက်ဆေ့ ပြောဆိုခြင်း တို့ကို အခမဲ့ သုံးနိုင်သည်။
          ဖုန်းအမျိုးမျိုးပေါ်တွင် လျှင်မြန်စွာ သုံးနိုင်သလို အင်တာနက်ချိတ်ဆက်ရာတွင်လည်း မြန်ဆန်သဖြင့် စတင်ထုတ်လုပ်သည့် ၂၀၁၃ ခုနှစ်မှ ယခုအချိန်အထိ အချိန်တိုအတွင်း ကမ္ဘာ အနှံ့တွင် လူသုံးများလာသည့် Messenger တစ်ခု ဖြစ်သည်။

Skype
...........
        Skype သည် ယခင်က ကွန်ပျူတာ များတွင် နာမည်ကြီးခဲ့ပြီးဖြစ်သည့် Messenger တစ်ခုဖြစ်ကာ မိုဘိုင်းအင်တာနက် အသုံးများလာချိန်တွင် Mobile version များကို ထုတ်လုပ်လာခြင်း ဖြစ်သည်။ Skype ထည့်သွင်းထားသည့် ဖုန်းအချင်းချင်း စာပို့ ခြင်း၊ ဗီဒီယိုများပို့ခြင်း၊ အသံပြောခြင်း၊ ဗီဒီယိုချက် ပြောခြင်းများကို အခမဲ့ လုပ်နိုင်သလို Skype acc များဝယ်ယူ၍ ကမ္ဘာအနှံ့မှ ဖုန်းများသို့ ဈေးနှုန်းချိုသာ စွာ ဆက်သွယ်နိုင်သည်။
         ယခင်က မြန်မာနိုင်ငံမှ အင်တာနက်ဆိုင်များ တွင် နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုပေးသည့် ၀န်ဆောင်မှု ကို Skype ကို အသုံးပြုခဲ့ကြသောကြောင့် Skype ၏ ဈေးနှုန်း ချိုသာမှုနှင့် အရည်အသွေးကောင်းခြင်းတို့ကို သိရှိပြီးဖြစ်ပေသည်။

Line
.......
       Line သည် တစ်ကမ္ဘာလုံးတွင် အသုံးပြုနေသူ သန်း ၆၀၀ ခန့် ရှိနေပြီး အကောင်းဆုံး Messenger များတွင် တစ်ခု အပါအ၀င်ဖြစ်သည်။ အင်တာနက် လိုင်း မကောင်းချိန်တွင်ပင် လျှင်မြန်စွာ သုံးနိုင်သည့် Line application ကို မြန်မာနိုင်ငံတွင်လည်း စတင် အသုံးပြုလာကြသည်။ တစ်ဦးချင်း နှင့် အဖွဲ့လိုက် စာပို့ စကားပြောခြင်း၊ ဓာတ်ပုံနှင့် ဗီဒီယိုများ ပေးပို့ခြင်း တို့ကို အခမဲ့ ပြုလုပ်နိုင်သည်။ Line သည် မူလက ဆက်သွယ်ရေး application တစ်ခုအဖြစ်မှ နောက် ပိုင်းတွင် Social Network တစ်ခုအသွင်ဖြစ်လာပြီး Post များ ရေးသားခြင်း၊ အခြားသူများရေးသည့် Post များတွင် Comment များရေးသားခြင်းတို့ကို ပြုလုပ်နိုင်လာသည်။
Credit: Thura Phyo
                                     လေးစားစွာဖြင့်
                                 ဦးသူရိန်(နည်းပညာ)
                                     ......................

0 comments:

Post a Comment