About

လူကြည့်အများဆုံးနေရာများ

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, September 12, 2016

Kernel & Battery life နဲ့ Governors များအကြောင်း

Kernel , Battery life နဲ့ Governors များအကြောင်း 
.................

What is Kernel?? (Basic Knowledge) 

Kernel ဆိုတာက ROM (Android or AOSP) နဲ့ Hardware ကြားထဲကတံတားတစ်ခုပါ။ တံတားလို့ပြောယုံနဲ့တော့ မပြီးသေးပါဘူး။ ဘာလို့လဲဆိုတော့ Kernel ဟာတံတားတစ်ခုထက်ပိုပါတယ်။ ပြောရမယ်ဆိုရင်  kernel ဟာ  ROM ထက်တောင်ဆရာကျပါတယ်။ ROM (Android) က install လုပ်ထားတဲ့ Application တွေကို (ဘယ်လိုပြောရမလဲ) ထိန်းချုပ်တာပေါ့။ ဒါပေမယ့် သူက Kernel မပါပဲနဲ့ Hardware ကိုထိန်းချုပ်လို့မရပါဘူး။ Application နဲ့ အဲ့ Apps တွေလိုအပ်တဲ့ Hardware စွမ်းအားကို မျှမျှတတအသုံးပြုနိုင်ဖို့အတွက် kernel လိုပါတယ်။ ကျွန်တော်တို့ ROM တွေကိုတစ်ခုပြီးတစ်ခုပြောင်းပြီး Flash လို့ရသလိုဂိုဏ်းချုပ် Kernel ထက်ဆရာကျတဲ့ ကျွန်တော်တို့က ကျွန်တော်တို့ ဂိုဏ်းချုပ်ကိုမကြိုက်ရင်လဲပြောင်းလို့ရပါတယ်။ (အားလုံးလဲသိမှာပါ) kernel လဲ ROM လိုပဲတစ်ခုပြီးတစ်ခုပြောင်းပြီး Flash လို့ရပါတယ်။

Kernel ပြောင်းရင် ဘာတွေအကျိုးရှိမှာလဲ???
Kernel ပြောင်းပြီး Flash တာက Android အသုံးပြုသူတွေကြားမှာသိပ်ပြီး popular မဖြစ်ပါဘူး။ ဒါပေမယ့် kernel ကိုပြောင်းခြင်းအားဖြင့် အကျိုးကျေးဇူးအများကြီးရှိနိုင်ပါတယ်။ အဓိကကတော့ battery life နဲ့ Performance ပိုင်းတိုးတက်လာတာတွေ့ရမှာပါ။ 

Better Performance & Better Battery Life
ဒီနှစ်ခုကတစ်ခုနဲ့တစ်ခုအပြန်အလှန်ချိတ်ဆက်နေပါတယ်။ Best Performance လိုချင်ရင် Battery မြန်မြန်ကုန်မယ်။ Best Battery Life လိုချင်ရင် Lower Performance ရမယ်။ အဓိကအားဖြင့် Features ၄ ခုရှိပါတယ်။ 

Clock Speeds >လူပြိန်းစကားနဲ့ ပြောရမယ်ဆိုရင် HigherClock Speeds ရှိလေ Performance ကောင်းလေပါပဲ။ kernel တွေ Flash ခြင်းအားဖြင့် Over Clocking နဲ့ Under Clocking တွေလုပ်နိုင်ဖို့ အခွင့်အရေးတွေရမှာပါ။ kernel တွေကအများသောအားဖြင့် ကိုယ်သုံးနေတဲ့ App အပေါ်မှာလိုက်ပြီး Clock Speeds ကိုထိန်းချုပ်ပေးပါတယ်။ အဲ့တော့ ကျွန်တော်တို့ ဖုန်းကိုမသုံးတဲ့အချိန်အတွင်းမှာ kernel က underclockလုပ်ထားပြီး battery အသုံးပြုမှု့ကိုသက်သာစေပါတယ်။  ROM တိုင်းမှာ kernel တစ်ပါထဲပါပြီးသားပါ၊ တစ်ချို့ ROM တွေမှာ Clock Speed ကိုတိုက်ရိုက်ထိန်းချုပ်ခွင့်ပေးပါတယ်။ မပေးတဲ့ ROM တွေအတွက် SetCPUသို့မဟုတ် CPU Tuner တို့လို App တွေနဲ့ ထိန်းချုပ်နိုင်ပါတယ်။ 

Voltage >Higher Clock Speeds ကဘာလို့ Battery စားလဲဆိုတော့ သူတို့က Higher Voltage လိုလို့ပါ။ တစ်ချို့သော kernel တွေမှာ Lower Voltage Limit ပါ ပါတယ်။ အဲ့ဒါက ကျွန်တော်တို့ရဲ့ ဖုန်းကိုပုံမှန်အတိုင်းအကောင်းဆုံးအလုပ်လုပ်စေပြီး Battery ကိုတောင်အစားသက်သာစေပါတယ်။ တစ်ချို့ kernel တွေဆို CPU ကို Voltage နည်းနည်းနဲ့ Over Clock လုပ်တာတွေတောင်ရှိပါတယ်။ ဒီလိုလုပ်တာကတော့ အန္တရယ်မများပေမယ့် Stability ပိုင်းတော်တော်အားနည်းသွားပြီး Experiment အတွက်ပဲကောင်းပါတယ်။ တစ်ခါတလေ ကျွန်တော်တို့ ဖုန်းတွေ Bootloop ဖြစ်နေတာတို့ တစ်ချက်တစ်ချက် restart ဖြစ်တာတို့ဆိုတာ ROM နဲ့အတူတွဲပါတဲ့ kernel ပြဿနာရှိလို့လဲဖြစ်နိုင်ပါတယ်။ တစ်ချို့ ROMs တွေမှာဒီပြဿနာအတွက် Sub-catagories နှစ်ခုထားတတ်ပါတယ်။ Hybrid Adaptive Voltage Scaling (HAVS) က Battery Life အကောင်းဆုံးရစေပေမယ့် stability ပိုင်းတော့စိုးရိမ်ရပါတယ်။ Static Voltage Scaling (SVS) ကတော့ ဖုန်းရဲ့ Voltage ကိုပုံမှန်အတိုင်းထိန်းချုပ်ပေးမှာပါ။ 

CPU Governors > kernel တွေတိုင်းမှာမတူတဲ့ CPU Governors တွေပါပါတယ်။ ကျွန်တော်တို့ တော်တော်များများကတော့ CPU Governors တွေကိုကြည့်ပြီးဒီ kernel ကောင်းမကောင်းဆုံးဖြတ်လေ့ရှိကြပါတယ်။ မှားတော့မမှားပေမယ့်၊ Governors တွေကြောင့်ပဲတော့မဟုတ်ပါဘူး။ CPU Governors တွေကအကြမ်းအားဖြင့်တော့ ဘယ်အချိန်မှာ CPU ရဲ့ Clock Speeds ကိုဘယ်အနေအထားအထိမြင့်ပေမယ်၊ ဘယ်အချိန်မှာတော့ လျှော့ပေးမယ် ဆိုပြီးဆုံးဖြတ်ပါတယ်။ အဲ့တော့ ကိုယ့်ဖုန်းနဲ့ အဆင်ပြေတဲ့ ပိုပြီးအခြေခံကျကျ ပြောရရင် ကိုယ်ဖုန်းကိုသုံးတဲ့ ပုံစံနဲ့ အဆင်ပြေတဲ့ CPU Governor ကိုရွေးမိထားရင်၊ ကျွန်တော်တို့ရဲ့ ဖုန်းက ကျွန်တော်တို့ သုံးနေတဲ့အချိန်မှာ performance အကောင်းဆုံးကိုပေးမှာဖြစ်ပြီးမသုံးပဲ idle ဖြစ်နေတဲ့အချိန်မှာ CPU အသုံးပြုမှု့ကိုအနိမ့်ဆုံးလျှော့ချနိုင်တဲ့အတွက် Battery Life ကိုအကောင်းဆုံးဆွဲဆန့်နိုင်မှာပါ။ အပေါ်မှာပြောခဲ့သလိုပါပဲ  CPU Governor တွေက kernel တစ်ခုနဲ့တခုမတူပါဘူး။ ကျွန်တော်အဓိကပြောချင်တာက Governors တစ်ခုချင်းဆီရဲ့လုပ်ဆောင်ပုံအကြမ်းဖျင်းပါ။ သိထားတော့ ကိုယ်အသုံးပြုပုံနဲ့ အဆင်ပြေတဲ့ Governor တစ်ခုကိုရွေးလို့ရတာပေါ့။ 

Governor တွေအများကြီးရှိပါတယ်၊ အဲ့ထဲက ၁၉ ခုလောက်တော့ ကျွန်တော်နားလည်သလောက်  အကြမ်းဖျင်း ရှင်းပြချင်ပါတယ်။  
1.Ondemand
2.Conservative
3.InteractiveX
4.SmartAss
5.SmartAssV2
6.LagFree
7.Brazillianwax
8.SavagedZan
9.Userspace
10.Powersave
11.Performance
12.Minmax
13.Scary
14.Lulzactive
15.Intellidemand
16.Badass
17.Lionheart
18.Lionheartx
19.Virtuous

Ondemand–ဆိုတာကတော့ လွယ်လွယ်ကူကူနားလည်နိုင်ပါတယ်၊ kernel တိုင်းရဲ့ Default Governor ပါ။ သူ့ရဲ့လုပ်ဆောင်ချက်ကလဲရှင်းပါတယ်။ လိုအပ်ရင် CPU ကိုအမြင့်ဆုံးမြှင့်တင်ပေးပြီးမလိုအပ်တော့ရင်ဖြည်းဖြည်းခြင်း ပြန်လျှော့ချပေးပါတယ်။ 

Conservative - ဒီ Governor က အဓိကအားဖြင့် battery life ကောင်းကောင်းရဖို့အတွက် CPU speed ကိုလိုအပ်သလောက်သာတစ်ဆင့်ချင်းစီ မြင့်တင်ပေးသွားတာပါ။ Ondemandနဲ့မတူတာကရုတ်တရက် CPU ကိုအမြင့်ဆုံးဆွဲတင်လိုက်တာမျိုးမဟုတ်ပဲဘက်ထရီအားကိုတအားဆောင့်ဆွဲခြင်းမျိုးမရှိတာကြောင့် ဘက်ထရီအစားသက်သာစေပါတယ်။ 

InteractiveX - သူကတော့ Interactive ဆိုတဲ့ CPU Governor လိုပါပဲဒါပေမယ့် ကျွန်တော်တို့ ဖုန်း Screen off ထားတဲ့အချိန်မှာ CPU ကိုအတတ်နိုင်ဆုံးလျှော့ချပြီး Battery life ကောင်းကောင်းရစေတာပါ။ 

SmartAss - ဒီကောင်ကလဲ Conservative လိုပါပဲဒါပေမယ့် နာမည်အတိုင်းပဲ CPU speed အတင်အချ မှာတော့ Conservative ထက်ပိုပြီး Smart Ass ဖြစ်တာပေါ့။ 

SmartAssV2 - ဒီကောင်ကတော့ SmartAssကိုပိုပြီးမွန်းမံထားတာပါ။

LagFree - ဒီ Governor ကတော့ Ondemandနဲ့ လုပ်ဆောင်ပုံခြင်းဆင်တူပါတယ်။ မတူညီတာကသူကပိုပြီး battery အစားသက်သာစေမှာဖြစ်ပါတယ်။ ဒါ့အပြင် နာမည်အတိုင်းပဲ lag free ဖြစ်ဖို့အတွက် သူဟာ CPU frequency ကိုတစ်ဆင့်ချင်းပုံမှန်လေးဘာအဆင့်မှမကျော်ပဲဂရုတစိုက် Frequency အတတ်အဆင်းလုပ်ပေးပါတယ်။ မကောင်းတဲ့အချက်ကတစ်ခါတရံ CPU ကိုအမြန်ဆုံး 100% အလုပ်လုပ်ခိုင်းရမယ့် အနေအထားမျိုးဖြစ်လာရင်တော့ အားကိုးလို့မရပါဘူး။ 

Brazillianwax - သူက SmartAssV2 ကိုအခြေခံတာပါ။ ဒါပေမယ့် သူက CPU အတတ်အကျကိုပိုပြီးမြန်မြန်လုပ်ဆောင်ပါတယ်။ အဲ့တော့ performance ပိုင်းအားရစရာရှိပေမယ့် ဘက်ထရီပိုင်းတော့ အဆင်မပြေပါဘူး။

SavagedZen – သူလဲ SmartAssV2 အတိုင်းပါပဲဒါပေမယ့် performance နဲ့ battery ကိုအကောင်းဆုံးချိန်ညှိပေးပါတယ်။ 

Userspace - တခြားGovernerတွေက ကျွန်တော်တို့ သုံးတဲ့ အနေအထားပေါ်မှုတည်ပြီး optimization အများကြီးလုပ်ပေးပါတယ်။ သူကတော့ ဘာ optimization မှမပါတဲ့ plain ပါ။ 

Powersave - နာမည်အတိုင်းပါပဲ၊ ဘက်ထရီအစားအလွန်သက်သာစေတဲ့ governor ပါ။ ဖုန်းမသုံးတဲ့အချိန်မျိုးမှာဒီ governor ကိုပြောင်းထားသင့်ပါတယ်။ 

Minmax - ဒီတစ်ခုကတော့  သူတက်နိုင်သလောက် အနိမ့်ဆုံး CPU speed မှာပဲနေပါတယ်။ တကယ်လိုအပ်လာပြီဆိုရင် အမြင့်ဆုံးကိုချက်ချင်းခုန်တက်နိုင်ပါတယ်။ 

Scary – ဒီတစ်ခုက Conservative ရဲ့ မူအတိုင်းပဲအလုပ်လုပ်ပါတယ်။ ဒါပေမယ့် Screen Off ထားတဲ့အခါ အတတ်နိုင်ဆုံးအနိမ့်ဆုံး frequency မှာနေပြီး Screen On လိုက်တဲ့အခါမှာတော့ Conservative ပုံစံပြောင်းသွားမှာပါ။ သူ့ရဲ့ Target က ဘက်ထရီအစားသက်သာပြီး performance ပိုင်းမကျစေပါဘူး။ 

Lulzactive - ဒီတစ်ခုကInteractivexနဲ့ SmartAssတို့ရဲ့ လုပ်ဆောင်ပုံတွေကိုပေါင်းစပ်ထားတာပါ။ ကျွန်တော်တို့ ပေးလိုက်တဲ့ အလုပ်တစ်ခုက 60% ထပ်ပိုရင် ဒါမှမဟုတ် တူညီရင် CPU ကိုသူသတ်မှတ်ထားတဲ့ higher level ကိုဆွဲတင်သွားပြီး 60% အောက်ဆိုရင်တော့ သတ်မှတ်ထားတဲ့ lower level အထိ Scale ချသွားပါတယ်။ ဖုန်း Screen Off ထားတဲ့အချိန်မှာတော့ lowest Frequency တစ်ခုမှာလုံးဝတည်ငြိမ်နေစေမှာပါ။ 

Intellidemand - ဒီ Governor က Ondemand Governor ကိုပိုကောင်းအောင်ပြုပြင်ထားတာပါ။ အဓိကအားဖြင့် GPU ကအများကြီးအလုပ်လုပ်လာရပြီ ကျွန်တော်တို့ ဂိမ်းကစားတာတို့ Maps သုံးတာတို့လုပ်နေပြီဆိုရင် Intellidemand က Ondemandအတိုင်းလုပ်ဆောင်ပါတယ်။ GPU အလုပ်သိပ်မရှိတဲ့ အချိန်မှာတော့ Browsing Mode လို့ခေါ်တဲ့ သင့်တော်ရာ Frequency မှာပဲအနိမ့်ဆုံးထိန်းထားပြီးဘက်ထရီအစားသက်သာအောင် လုပ်ဆောင်ပေးပါတယ်။ Intellidemand က game ပုံမှန်ကစားဖြစ်တဲ့သူတွေအတွက် အဆင်ပြေမှာပါ။ 

LionHeart - သူက Conservative governor ကိုအခြေခံပြီးရေးထားတာပါ။ အလွယ်သဘောနဲ့ ပြောရရင် သူက Battery saving ထက် ပိုပြီး Smoothness ဖြစ်မှု့ကိုအလေးထားပါတယ်။ I/O scheduler Deadline နဲ့တွဲသုံးတာအကောင်းဆုံးလို့ပြောကြပါတယ်။ 

LionHeartX – LionHeartပါပဲသူ့မှာ Features တွေပိုပါ ပါတယ်။ 

Virtuous – ဒီ governor ကတော့ Sleep and Wake အတွက် governor တစ်ခုစီသုံးပါတယ်။ ဖုန်းအသုံးပြုနေတဲ့အချိန်မှာတော့ max performance ထုတ်လုပ်ပေးပြီးအသုံးမပြုတဲ့အချိန်မှာတော့ CPU frequencies တွေကိုလျှော့ချထားပေးပါတယ်။ တစ်ခြား governor တွေထက်ထူးခြားတာက sleep and wake အပေါ်မှာလိုက်ပြီး governor ပြောင်းသုံးခြင်းဖြစ်ပါတယ်။ 

နောက်တခြား Governor တွေလဲရှိပါသေးတယ်၊ ထပ်ပြီးလေ့လာချင်တဲ့သူတွေအတွက်တော့  ကျွန်တော်တွေ့ထားတဲ့ XDA ကပိုစ်တွေကိုလင့်ခ်ပေးပါ့မယ်။ 

နောက် i/o schedulers တွေရှိပါသေးတယ်။ ဒါတွေကလဲ battery နဲ့ performance ပိုင်းကိုဆုံးဖြတ်ပေးပါတယ်။ ဒါပေမယ့် ဇာတ်လမ်းရှုပ်တဲ့အတွက် ကျွန်တော်မရေးတော့ပါဘူး။ ကျွန်တော်လဲအမှန်အတိုင်းဝန်ခံရရင် I/O Schedulers တွေမပြောနဲ့အုံး governors တွေကိုတောင် အကြမ်းဖျင်းပဲနားလည်တာပါ။ 

ကိုယ့်ဖုန်းနဲ့ ကိုယ်အသုံးပြုတဲ့ ပုံစံအပေါ်မူတည်ပြီးလိုက်ဖက်ညီတဲ့ Governor ကိုရွေးချယ်ထားနိုင်ရင် ဖုန်းဟာအံ့သြစရာကောင်းလောက်အောင် ဘက်ထရီအသုံးခံလာပါလိမ့်မယ်။ ဘက်ထရီစားတယ်ဆိုတာ CPU နဲ့ GPU တွေကမလိုအပ်ပဲအလုပ်တွေလုပ်နေရတာကြောင့်ပါ။ အဲ့ဒါကိုထိန်းချုပ်နိုင်တာ kernel တစ်ခုပဲရှိပါတယ်။ kernel တစ်ခုမှာအသုံးပြုသူက tuning or tweak လုပ်လို့ရတဲ့ အပိုင်းတွေအများကြီးရှိပါတယ်။ ဒါပေမယ့် basic usersတွေအတွက်တော့မဟုတ်ပါဘူး။ 

kernel ပေါ်လိုက်ပြီးတခြား Features တွေပါနိုင်ပါသေးတယ်၊ ဥပမာပြောရရင် wifi tethering မရတဲ့ဖုန်းတွေမှာ tethering လုပ်ပေးတာမျိုးပေါ့။ နောက်တစ်ခု က SBC ဆိုတဲ့ Superior Battery Charging ဆိုတဲ့ ဟာမျိုးပါ။ battery ကို ၁၀ မိနစ် ၁၅ မိနစ်နဲ့ 0% to 100% အားသွင်းပေးနိုင်တာမျိုးပါ။ အန္တရယ်များပါတယ်။ အရမ်းအရေးကြီးတဲ့ အချိန်မျိုးမှ ဒီ Feature ကိုဖွင့်ပြီးသုံးပါ။ အမြဲသုံးချင်ရင် မီးသတ်ဆေးဘူးဘေးမှာချထားဖို့လိုပါတယ်(worst case scenario) ။ အော်.. .လမ်းကြုံလို့ ပြောလိုက်အုံးမယ်၊ ဒီလို SBC မျိုးမသုံးပဲနဲ့ အားမြန်မြန်ပြည့်ချင်တယ်ဆိုရင် Tablet တွေမှာသုံးတဲ့ Charger နဲ့ Cable တိုတို(တိုနိုင်သလောက် တိုလို့ရတယ်) ကိုသာပေါင်းပြီးသုံးပါ။ အန္တရယ်လုံးဝကင်းပါတယ်လို့ အာမမခံပေမယ့် ကျွန်တော့်ဖုန်းအဲ့လိုမျိုးသွင်းနေတာ ၂နှစ်နီးပါးရှိပါပြီ။ 

How to Flash RIGHT Kernel??

အရေးကြီးတာကကိုယ်သုံးမယ့် kernel ကကိုယ့်ဖုန်းအတွက် compatible ဖြစ်မဖြစ်ပါ။ အကောင်းဆုံး kernel ကတော့ Franco kernel ပါ။ သူက nexus devices တွေအတွက်ပါပဲ။ သူကApkရှိပါတယ်။ အဲ့ Apkကိုသွင်း( Google Play မှာ $4 ကျော်ပါတယ်) kernel zip ကိုဒေါင်း ပြီးရင် flash လိုက်ယုံပါပဲ။ နောက်တစ်ခုကSiyah Kernel ပါ။ သူ့ရဲ့ Dual Boot ROMs feature ကနာမည်ကြီးပါတယ်။ 

အဲ့တော့အတိုချုန်းပြီးပြန်ပြောရရင် ဖုန်းကတော့သုံးရင် Battery ကုန်မှာပါပဲ၊ မကုန်ချင်ရင် ကျွန်တော်တို့ ဖုန်းမသုံးတဲ့အချိန်မှာCPU က အားမသုံးဖို့ထိန်းချုပ်ရမယ်၊ အဲ့လိုထိန်းချုပ်နိုင်ရင်  ကျွန်တော်တို့ Location Data , Wifi , 3G 4G ဖွင့်ထားအုံးတော့ battery က ကောင်းကောင်းအသုံးခံမှာပါပဲ။ ကျွန်တော့ဖုန်းတွေမှာဆို CPU Governor ကိုအများသောအားဖြင့် Conservative သုံးပါတယ်။ တစ်ခါတလေOndemandထားပြီး i/o scheduler(task scheduler)  မှာ Deadline ထားပါတယ်။ MPT က မိနစ်နဲ့ ကောက်တာဖြစ်တဲ့အတွက် ကျွန်တော်တို့ တော်တော်များများ Data ကိုတောက်လျှောက် ဖွင့်ထားတာမျိုးတော့ မလုပ်ကြပါဘူး။ ဒါပေမယ့် Data volume နဲ့ ပိုက်ဆံကောက်တဲ့ နိုင်ငံတွေမှာတော့ အတတ်နိုင်ဆုံးအချိန်လေးနည်းနည်းပေးပြီးကိုယ့်ဖုန်းနဲ့သင့်လျော်မယ့် kernel ကိုရွေးပြီးသုံးခြင်းက Data ဖွင့်ထားရင်တောင် အချိန်ကြာကြာအသုံးခံမှာပါ။ 

နောက်တစ်ခုကCyanogenmod installer နဲ့ Cyanogenmodကို Flash ပါ။ Cyanogenmod installer ကကျွန်တော်တို့ဖုန်းနဲ့ အဆင်ပြေဆုံး CM version ကို Flash ပေးမှာပါ။ CM နဲ့အတူတွဲပါလာတဲ့ kernel တွေကလဲအကောင်းဆုံးတွေလို့ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ ROM နဲ့ Kernel နဲ့ Device ကိုအကောင်းဆုံး Optimize လုပ်ထားတဲ့အတွက်ပါ။ 

ဒါတွေကတော့ကျွန်တော်သိသလောက် Governor တွေအကြောင်းပါ။ အားလုံးကlifehackerနဲ့ XDA ကနေရှာဖွေထားတာပါ။ သူတို့ရေးထားတာတွေကတော့အသေးစိတ်ကျပါတယ်။ ဒါပေမယ့် ကျွန်တော် အကြမ်းဖျင်းပဲနားလည်သလောက်ပြန်ရေးထားတာပါ။ အမှားရှိရင်လဲထောက်ပြပေးပါ။ 

“ ကျွန်တော်ကတော့ kernel ပြောင်းဘာပြောင်းနဲ့ အလုပ်ရှုပ်တယ် နားလည်းမလည်ဘူးရိုးရိုးပဲဘက်ထရီခံအောင်လုပ်နည်းမရှိဘူးလား…? “ ဆိုရင် ရှိပါတယ်။ 

အဲ့လိုနည်းတွေက ကျွန်တော့်အကြိုက်မဟုတ်ပေမယ့် Google မှာသာရိုက်ရှာလိုက်ရင် အများကြီးထွက်လာမှာပါ။ kernel ကိုသွားကလိတာထက်တော့ လွယ်ကူပါတယ်။ 

Credit for all
                  
 ကျွန်​​တော့်​ Blog ကိုလဲဝင်​​ရောက်​ကြည့်ရှု့လိုလျှင်​      www.uthurein.blogspot.com   မှာဝင်​​ရောက်​ကြည့်​ရှုနိုင်​ပါတယ်​။                    
                        အစဉ်​ကြိုးစားလျက်
                       ဦးသူရိန်​ ( နည်းပညာ )

Thursday, September 8, 2016

Huawei G Play Mini and Huawei G620S_UL00
Charging Solution


Huawei GplayMini & G620S_UL00
တွေမှာအဖြစ်များသော အားမ၀င်တယ့်ပြစ်ချက်များကိုဖြေရှင်းပြထားတာပါ။
လိုအပ်သော ၀ါသနာတူ ပြစ်ချက်တူ ညီအကိုများအောက်မှာဒေါင်းပြီးသာယူကြပေတော့ဗျာ။

လိုအပ်သူများ အောက်ကလင့်မှာယူနိုင်ပါတယ်

http://goo.gl/LzJVMH

Credit .... U Maung Maung Naing

လျှပ်စစ် မီတာခ တွတ်ချက်နည်း

လျှပ်စစ် မီတာခ တွတ်ချက်နည်း 


အိမ်တိုင်း၊လုပ်ငန်းတိုင်းမှာမရှိမဖြစ်တာကတော့ လျှပ်စစ်မီတာပဲဖြစ်ပါတယ်။လစဉ်လတိုင်း
မီတာစာရွက်လာလျှင် ပုံမှန်Billဆောင်ရသော်လည်း ယူနစ် ၁ ယူနစ်၏တွက်ချက်ခြင်းအားမသိသလို လစ်လျစ်လျူရှု့မိကျမည်မဟုတ်လား…?

**တွက်ချက်နည်း**
လျှပ်စစ်မီးအား 
၁ ယူနစ် kWh (kilowatt hour) ကို၊ 
၁ နာရီလျှင် ဝပ် ၁၀၀၀ ဆိုပြီး
သတ်မှတ်ထားပါသည်။

လျှပ်စစ်မီးပစ္စည်းတိုင်းတွင်
မီးအားစားနှုန်းများပါရှိပါသည်။
(ဥပမာ၊ ၄ ပေ မီးချောင်း - ဝပ် ၄၀၊ လျှပ်စစ်ထမင်းပေါင်းအိုး - ဝပ် ၇၀၀ ၊ စသည်ဖြင့်)

လျှပ်စစ်အား ၁ ယူနစ်တွက်ချက်ရာတွင် အောက်ပါတွက်ချက်နည်းအားအသုံးပြုရပါမည်။
(မီးအားစားနှုန်း/၁၀၀၀ x အသုံးပြုသောအချိန်နာရီ x 
၁ ယူနစ်နှုန်းထား = ကုန်ကျငွေတန်ဖိုး)

ဥပမာ ၁ -
၇၀၀ ဝပ် လျှပ်စစ်ထမင်းပေါင်းအိုးအား 
မိနစ် ၃၀ ခန့်အသုံးပြုလျှင် 
(၇၀၀ ဝပ် x ၀.၅ နာရီ / ၁၀၀၀ x ၃၅ကျပ် = 
၁၂.၂၅ ကျပ်) 
စုစုပေါင်း ၁၂.၂၅ ကျပ်ကျသင့်မည်ဖြစ်ပါသည်။

ဥပမာ ၂ -
၎ ပေ မီးချောင်း ၄ ချောင်း 
(၄၀ ဝပ်  x ၄ = ၁၆၀ ဝပ်)၊ 
၁ ကောင် အဲယားကွန်း ၁ လုံး (၇၅၀ ဝပ်)၊ 
၁၅၀ ဝပ် တီဗွီ ၁ လုံး (၁၅၀ ဝပ်) 
စုစုပေါင်း ၁၀၆၀ ဝပ်  အား 
၁ နာရီခန့်အသုံးပြုနေချိန်တွင်
(၁၀၆၀  ဝပ် x ၁ နာရီ / ၁၀၀၀ x ၃၅ကျပ် = ၃၇ ကျပ်) 
စုစုပေါင်း ၃၇ ကျပ်ကျသင့်မည်ဖြစ်ပါသည်။

Credit- Writer

ဦးသူရိန်(နည်းပညာ) ᠌᠌᠌ ᠌᠌᠌

Huawei ဖုန်းတွေအတွက် Secret Code လေးတွေပါ....

ဒါကတော့ Huawei ဖုန်းတွေအတွက် Secret Code လေးတွေပါ....Huawei အတွက် secret codes လေးတွေပါ…keypad မှာရိုက်ပေးယုံပါပဲ..ဖုန်းကလိတာ ၀ါသနာ ပါသူတွေ အတွက်ပါ…

*#*#4636#*#* အဓိကကျတဲ့ Testing နေရာကိုရောက်သွားပါလိမ့်မယ် (network ချိန်းတာတို့ ဖုန်းအခြေအနေ ကြည့်တာတို့ပေါ့ )

*#*#2846579#*# ကိုလည်းသုံးနိုင်ပါတယ်…..

*#*#7780#*#* for a factory data reset

*2767*3855# for factory format (ပုံမှန်သုံးသူများမစမ်းသင့်ပါ)

*#*#197328640#*#* change settings in the service mode

*#*#232338#*#* show WiFi MAC Address

*#*#1472365#*#* GPS test

*#*#232331#*#* Bluetooth test

*#*#232337#*#* Bluetooth device show address

*#*#1111#*#* FTA SW Version

*#*#2222#*#* FTA HW Version

Factory Tests

*#*#0283#*#* Packet loopback

*#*#2222#*#* FTA HW Version

အားပေးမှုကိုကျေးဇူးတင်လျက် 
             #ဦးသူရိန်(နည်းပညာ)

Wednesday, September 7, 2016

Computer မှ ဖိုင်များကို စမတ်ဖုန်းကနေ ကြိုးမဲ့ ရယူနည်း

သင့်ရဲ့ စမတ်ဖုန်းကနေ ကွန်ပြူတာမှ ဖိုင်များကို ကြိုးမဲ့ နည်းလမ်းဖြင့် ရယူနိုင်ပါတယ်။ ဒီလိုလုပ်ဖို့ သင့်ကွန်ပြူတာမှာ Software များထည့်သွင်းစရာလည်း မလိုပါဘူး။ Android Phone မှာတော့ ES File Explorer ကို ထည့်သွင်းထားရမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းကို အသုံးပြုရင် ကြီးမားတဲ့ ဖိုင်များကိုတောင် လျှင်မြန်စွာ ရယူနိုင်မှာ ဖြစ်ပါတယ်။

သင့်ရဲ့ ကွန်ပြူတာနဲ့ စမတ်ဖုန်းကို တူညီတဲ့ WiFi Network တစ်ခုထဲမှာ ချိတ်ဆက်ထားဖို့ လိုပါတယ်။

သင့်ကွန်ပြူတာမှ Share လုပ်ချင်တဲ့ Hard Drive သို့မဟုတ် ဖိုဒါအပေါ်မှာ Right Click နှိပ်ပြီး အောက်ပါလမ်းကြောင်းအတိုင်းသွားပါ။

Properties > Sharing>Advanced sharing >share this folder

Share this folder မှာ အမှန်ခြစ်ပေးပြီး Apply ကို နှိပ်ပါ။ Ok ကို နှိပ်ပါ။

သင့်ဖုန်းမှ ES File Explorer ကို ဖွင့်ပြီး ဘယ်ဘက်အပေါ်ထောင့်မှ Menu ကို နှိပ်ပြီး LAN ထဲသွားပါ။

Scan ခလုတ်ကို နှိပ်ရင် သင့်ကွန်ပြူတာကို တွေ့ရမှာ ဖြစ်ပါတယ်။ Username, Password ထည့်ပေးပြီးရင် သင့်ကွန်ပြူတာမှ မျှဝေထားတဲ့ Hard Drive or Folder ကို မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။

ဖိုဒါတစ်ခုကို ဖိထားပြီး ကော်ပီလုပ်ပါ။ Cut လည်းပြုလုပ်နိုင်ပါတယ်။

သင့်စမတ်ဖုန်းမှာ သိမ်းချင်တဲ့ နေရာကို သွားပြီး Paste လုပ်ပါ။ ဒါဆိုရင် သင့်ကွန်ပြူတာမှ ဖိုင်ကို စမတ်ဖုန်းကနေ ရယူနေပါပြီ။ သင့် WiFi လိုင်းရဲ့ အမြန်နှုန်းနဲ့ ဖိုင်အရွယ်အစားအပေါ်မူတည်ပြီး အချိန်ကြာမြင့်မှာ ဖြစ်ပါတယ်။

Ref.DigitalLife







Sunday, September 4, 2016

iCloud Password မေ့နေလား
Firmware ကျသွားရင် Lock ကျသွားမှာ စိုးရိမ်နေရလား
Firmware Update လုပ်ချင်တာ မလုပ်နိုင်ဘူးလား။
ပြန်ရချင်ပါသလား
အောက်မှာပါတယ့် ScreenShot လေးတွေကြည့်ပြီးလုပ်ကြည့်ပါ။



















 download link
ကို 

https://goo.gl/3U4ihJ

Credit for Original Author
ဦးသူရိန်(နည်းပညာ)

Saturday, September 3, 2016


Facebook ရဲ့ အကောင့်  setting တွေကို ကျွမ်းကျွမ်းကျင်ကျင် နားလည်သဘောပေါက်လိုသူများအတွက်ပါ။

ဒီအကြောင်းတွေကိုနားလည် သဘောပေါက်သွားပြီဆိုရင်သူငယ်ချင်းတို့အကောင့် တွေဟာလုံခြုံမှု ရှိလာမှာဖြစ်သလို မသိနားနိုးနဲ့  ထိတ်လန့် ကြောက်ရွံ့ နေစရာမလိုတော့ ပါဘူး။
တချို့သူငယ်ချင်းတွေဆို Like မရတာတို့...Security Code တောင်းပြီး FB သုံးမရတော့တာတွေရယ်..Account Hack ခံရတာတွေမကြုံရအောင် ကိုယ့်ရဲ့ Facebook Setting ထဲဝင်ပြီးလုံခြုံရေးစနစ်တွေတိုးမြင့်ထားလို့ရတယ်...
သိပြီးသားသူငယ်ချင်းတွေလည်းရှိမှာပါ။ဒါပေမယ့် အခြေခံကနေစပြီးလေ့ လာနိုင်အောင်တင်ပေးလိုက်တာပါ။
General account settings
---------------------------------------------------
Name =ဆိုတာကတော့မိမိနာမည်ပါ။
Username =ကတော့ မိမိအသုံးပြုနေတဲ့ အကောင့် နာမည်ပါ။ သူ့ ကိုသူငယ်ချင်းတွေကို မိမိလိပ်စာပေးတဲ့ နေရာမှာအသုံးပြုလို့ ရပါတယ်။
Email =ကတော့မိမိရဲ့အီးမေးလိပ်စာပါ။
Networks =ဆိုတာက
သာမန်userတစ်ယောက်အနေနဲ့ မသုံးပါဘူး
Language =ဆိုတာကတော့ ဘာသာစကားတွေပြောင်းတဲ့ နေရာပါ။ facebook ကိုမြန်မာလိုသုံးချင်သူများအတွက်ဆိုရင်တော့  အဲဒီနေရာမှာ မြန်မာလိုပြောင်းလဲသုံးစွဲလို့ ရပါတယ်။

Security settings
---------------------------------------
ဒီကောင်လေးကတော့ မိမိတို့ ရဲ့ အကောင့် လုံခြုံရေးအတွက်မဖြစ်မနေသိထားသင့် ပါတယ်။အောက်မှာ
အသေးစိတ်ကိုရှင်းပြပေးထားပါတယ်။

Secure browsing
-------------------------------------
ဒီကောင်လေးကိုတော့  virus ,spam , hacker တွေရန်မှကင်းဝေးအောင်အသုံးပြုပါတယ်။Edit ကိုနိပ်ပြီးအမှန်လေးခြစ်ထားပေးရင်save change လုပ်ထားပေးရင် အကာအကွယ်တစ်ခုတော့ အထောက်အကူရပါတယ်။

Login notification
----------------------------------
ဒီကောင်လေးကတော့ မိမိတို့  account ကို အသုံးပြုတိုင်း message လေးနဲ့ မိမိကိုသတိပေးပါတယ်။ 
ဒီနေရာမှာ အီးမေး message လိုချင်ရင် email message နေရာမှာ အမှန်ခြစ်ပေးထားရင် မိမိတို့ အကောင့် ကို ဝင်ရောက်တိုင်း မိမိရဲ့ အီးမေး ကို message ပို့ ပေးမှာဖြစ်ပါတယ်။

Login apporvals
----------------------------
Login apporvals လုပ်တယ်ဆိုတာကတော့  unknow browser တွေနဲ့ မိမိတို့ အကောင့် ကိုဝင်ရောက်မယ်ဆိုရင် မိမိ ခွင့် ပြု ချက်ရမှာသာ ဝင်ရောက်လို့ ရပါတယ်။
ဒီနေရာမှာ မိမိက ကိုယ့် ရဲ့  password ကိုပြောပြပြီး တစ်ခြားသူငယ်ချင်းတစ်ယောက်ကို ဝင်ခိုင်းသည်ထားအုံး မိမိရဲ့ ခွင့် ပြုချက်မရရှိပါက ။မိမိအကောင့် ကို ဘယ်လိုမှဝင်ရောက်လို့ မရနိုင်ပါ။။တကယ်လို့ လုံခြုံရေး တိုးမြှင့် သည့် အခါမျိုး တွင်သုံးနိုင်ပါသည်။

Get started ကိုနိပ်လိုက်ရင် မိမိတို့  account ကို login ဝင်တိုင်း ဖုန်းကနေ security code ရယူပြီးလုံခြုံရေးကိုနှစ်ထပ် ထပ်မံတိုးမြှင့် လို့ ရပါတယ်။

Code generator
----------------------------------
Code generator ဆိုတာကတော့ facebook application ကို code gerneate နဲ့  လုံခြုံ အောင် ပြုလုပ်ခြင်းပါ ။

အသုံးပြုချင်တယ်ဆိုရင် set up ကိုနိုပ်ပါ။မိမိ password ကိုထည့် ပါ။ပြီးရင် sumbit ကိုနိပ်ပါ။

မိမိကြိုက်တဲ့  security code ကိုထည့် ပါ။

App password
---------------------------------
App password ဆိုတာကလည်းလုံခြုံရေး ကို ထပ်မံတိုးမြှင့် ထားတဲ့ ( special password ) ပါပဲ။ဒီကောင်လေးကို မိမိတို့  login ဝင်ရောက်တိုင်း တစ်ကြိမ်သာအသုံးပြုလို့ ရပါတယ်။
login apporvals ကိုမိမိကအသုံးပြုထားတယ်ဆိုရင် တစ်ခါတစ်လေ အကောင့် ဟာ tempoary lock ကျတဲ့ အခါမျိုးမှာ app passsword နဲ့ ဝင်ရောက်လို့ ရပါတယ်။အသုံးပြုမယ်ပုံလေးကတော့ 

Account Settings > Security)
Find the App Passwords section and click Edit
Click the Generate app passwords link
Type in the name of the App and click Generate Password
Go to your app and use that password to log in

Trusted contant
--------------------------------------
Trusted contant ဆိုတာကတော့ မိမိရဲ့ အကောင့် lock out ကျသွားခဲ့ တဲ့ အခါမျိုးမှာ သူငယ်ချင်းတစ်ယောက်ယောက်ရဲ့ အကူအညီနဲ့ ပြန်လည်ရယူချင်ရင်ဒီမှာ မိမိသူငယ်ချင်းနာမည်ကို ရွေးထားပေးခြင်းအားဖြင့်  မိမိ အကောင့်  lock ကျတဲ့ အခါမှာ အကူအညီရနိုင်ပါတယ်။
ကြိုတင်လုပ်ဆောင်သင့် တဲ့ အချက်ကလေးပါပဲ။အသုံးပြုမယ်ဆိုရင် choose trusted contants ကိုနိပ်ပြီးမိမိ သူငယ်ချင်းတွေကို add လုပ်ထားနိုင်ပါတယ်။

Trusted browser
-----------------------------------

Trusted browser ဆိုတာကတော့ မိမိရဲ့  facebook အကောင့် ကိုဝင်ရောက်ခဲ့ တဲ့ browser တွေကိုကြည့် ရှူ ပြီးခြေရာကောက်နိုင်ပါတယ်။ဖုန်းနှင့် ဝင်ရောက်သွား
တာလား Windows နှင့် ဝင်ရောက်တာလားဆိုတာကွဲကွဲပြားပြား သိနိုင်ပါတယ်။

Where You're Logged In
-----------------------------------------------
Where You're Logged In ဆိုတာကတော့  မိမိ အကောင့် ကိုအသုံးပြုနေတဲ့ နေရာ ရယ် windows ရယ် browser တွေကို တိတိကျကျ ခြေ ရာကောက် နိုင်ပါတယ်။ ( history လိုက်လို့ ရပါတယ်)

Decative account
------------------------------------
Decative account ကိုတော့ လုံးဝ(လုံးဝ) မနိပ်ပါနဲ့ဗျာ facebook ကြီးကလွမ်းသွားပါလိမ့် မယ်။Decative account ကိုနှိပ်မိရင် ကိုယ့်ရဲ့ account သုံးလို့ရမှာမဟုတ်တော့ပါဘူး။

Credit To Original Writer