About

လူကြည့်အများဆုံးနေရာများ

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, October 4, 2016

facebook ID Card လုပ်နည်း

facebook ID Card လုပ်နည်း

မင်္ဂလာပါခင်ဗျာ ဒီတစ်ခါ ကျတော်
facebook id card လုပ်နည်းလေးကို
ပြန် လည်မျှဝေချင်ပါတယ်ဗျာ
ပထမ ဆုံးအနေ နဲ့ ပေးထားတဲ့  link ကို ဝင်ရမှာပါ
link ကို မဝင်ခင် ပုံလေး တွေကို အရင်ကြည့်ပါဗျာ
link ဝင်ရန်
link က ဒီမှာပါ
image
image
image
ပုံထဲက အတိုင်း ဝင်သွားပါ  ဒုတိယပုံမှာ
ကိုယ်ဝင်လိုက်တဲ့ briwser မှာ ကိုလုပ်မဲ့ fb အကောက် ထည့်ထား ရင် ok ရုံပါပဲ
ထည့်မထားဘူးဆိုရင် fb အကောက်ဝင်ပေးလိုက်ပါ
တတိယ ပုံရောက်ရင် ကိုလိုချင်တဲ့
facebook id card ပုံ ရပြီဆိုတော့ save ထားလိုက်ပါ
အကောက်ပျက်ရက် ပြန်လိုက်ရလွယ်မှာပါဗျာ
လာရောက်လည်ပတ်သူ အားလုံးကျေးဇူးတင်ပါတယ်ဗျာ

Monday, September 12, 2016

Kernel & Battery life နဲ့ Governors များအကြောင်း

Kernel , Battery life နဲ့ Governors များအကြောင်း 
.................

What is Kernel?? (Basic Knowledge) 

Kernel ဆိုတာက ROM (Android or AOSP) နဲ့ Hardware ကြားထဲကတံတားတစ်ခုပါ။ တံတားလို့ပြောယုံနဲ့တော့ မပြီးသေးပါဘူး။ ဘာလို့လဲဆိုတော့ Kernel ဟာတံတားတစ်ခုထက်ပိုပါတယ်။ ပြောရမယ်ဆိုရင်  kernel ဟာ  ROM ထက်တောင်ဆရာကျပါတယ်။ ROM (Android) က install လုပ်ထားတဲ့ Application တွေကို (ဘယ်လိုပြောရမလဲ) ထိန်းချုပ်တာပေါ့။ ဒါပေမယ့် သူက Kernel မပါပဲနဲ့ Hardware ကိုထိန်းချုပ်လို့မရပါဘူး။ Application နဲ့ အဲ့ Apps တွေလိုအပ်တဲ့ Hardware စွမ်းအားကို မျှမျှတတအသုံးပြုနိုင်ဖို့အတွက် kernel လိုပါတယ်။ ကျွန်တော်တို့ ROM တွေကိုတစ်ခုပြီးတစ်ခုပြောင်းပြီး Flash လို့ရသလိုဂိုဏ်းချုပ် Kernel ထက်ဆရာကျတဲ့ ကျွန်တော်တို့က ကျွန်တော်တို့ ဂိုဏ်းချုပ်ကိုမကြိုက်ရင်လဲပြောင်းလို့ရပါတယ်။ (အားလုံးလဲသိမှာပါ) kernel လဲ ROM လိုပဲတစ်ခုပြီးတစ်ခုပြောင်းပြီး Flash လို့ရပါတယ်။

Kernel ပြောင်းရင် ဘာတွေအကျိုးရှိမှာလဲ???
Kernel ပြောင်းပြီး Flash တာက Android အသုံးပြုသူတွေကြားမှာသိပ်ပြီး popular မဖြစ်ပါဘူး။ ဒါပေမယ့် kernel ကိုပြောင်းခြင်းအားဖြင့် အကျိုးကျေးဇူးအများကြီးရှိနိုင်ပါတယ်။ အဓိကကတော့ battery life နဲ့ Performance ပိုင်းတိုးတက်လာတာတွေ့ရမှာပါ။ 

Better Performance & Better Battery Life
ဒီနှစ်ခုကတစ်ခုနဲ့တစ်ခုအပြန်အလှန်ချိတ်ဆက်နေပါတယ်။ Best Performance လိုချင်ရင် Battery မြန်မြန်ကုန်မယ်။ Best Battery Life လိုချင်ရင် Lower Performance ရမယ်။ အဓိကအားဖြင့် Features ၄ ခုရှိပါတယ်။ 

Clock Speeds >လူပြိန်းစကားနဲ့ ပြောရမယ်ဆိုရင် HigherClock Speeds ရှိလေ Performance ကောင်းလေပါပဲ။ kernel တွေ Flash ခြင်းအားဖြင့် Over Clocking နဲ့ Under Clocking တွေလုပ်နိုင်ဖို့ အခွင့်အရေးတွေရမှာပါ။ kernel တွေကအများသောအားဖြင့် ကိုယ်သုံးနေတဲ့ App အပေါ်မှာလိုက်ပြီး Clock Speeds ကိုထိန်းချုပ်ပေးပါတယ်။ အဲ့တော့ ကျွန်တော်တို့ ဖုန်းကိုမသုံးတဲ့အချိန်အတွင်းမှာ kernel က underclockလုပ်ထားပြီး battery အသုံးပြုမှု့ကိုသက်သာစေပါတယ်။  ROM တိုင်းမှာ kernel တစ်ပါထဲပါပြီးသားပါ၊ တစ်ချို့ ROM တွေမှာ Clock Speed ကိုတိုက်ရိုက်ထိန်းချုပ်ခွင့်ပေးပါတယ်။ မပေးတဲ့ ROM တွေအတွက် SetCPUသို့မဟုတ် CPU Tuner တို့လို App တွေနဲ့ ထိန်းချုပ်နိုင်ပါတယ်။ 

Voltage >Higher Clock Speeds ကဘာလို့ Battery စားလဲဆိုတော့ သူတို့က Higher Voltage လိုလို့ပါ။ တစ်ချို့သော kernel တွေမှာ Lower Voltage Limit ပါ ပါတယ်။ အဲ့ဒါက ကျွန်တော်တို့ရဲ့ ဖုန်းကိုပုံမှန်အတိုင်းအကောင်းဆုံးအလုပ်လုပ်စေပြီး Battery ကိုတောင်အစားသက်သာစေပါတယ်။ တစ်ချို့ kernel တွေဆို CPU ကို Voltage နည်းနည်းနဲ့ Over Clock လုပ်တာတွေတောင်ရှိပါတယ်။ ဒီလိုလုပ်တာကတော့ အန္တရယ်မများပေမယ့် Stability ပိုင်းတော်တော်အားနည်းသွားပြီး Experiment အတွက်ပဲကောင်းပါတယ်။ တစ်ခါတလေ ကျွန်တော်တို့ ဖုန်းတွေ Bootloop ဖြစ်နေတာတို့ တစ်ချက်တစ်ချက် restart ဖြစ်တာတို့ဆိုတာ ROM နဲ့အတူတွဲပါတဲ့ kernel ပြဿနာရှိလို့လဲဖြစ်နိုင်ပါတယ်။ တစ်ချို့ ROMs တွေမှာဒီပြဿနာအတွက် Sub-catagories နှစ်ခုထားတတ်ပါတယ်။ Hybrid Adaptive Voltage Scaling (HAVS) က Battery Life အကောင်းဆုံးရစေပေမယ့် stability ပိုင်းတော့စိုးရိမ်ရပါတယ်။ Static Voltage Scaling (SVS) ကတော့ ဖုန်းရဲ့ Voltage ကိုပုံမှန်အတိုင်းထိန်းချုပ်ပေးမှာပါ။ 

CPU Governors > kernel တွေတိုင်းမှာမတူတဲ့ CPU Governors တွေပါပါတယ်။ ကျွန်တော်တို့ တော်တော်များများကတော့ CPU Governors တွေကိုကြည့်ပြီးဒီ kernel ကောင်းမကောင်းဆုံးဖြတ်လေ့ရှိကြပါတယ်။ မှားတော့မမှားပေမယ့်၊ Governors တွေကြောင့်ပဲတော့မဟုတ်ပါဘူး။ CPU Governors တွေကအကြမ်းအားဖြင့်တော့ ဘယ်အချိန်မှာ CPU ရဲ့ Clock Speeds ကိုဘယ်အနေအထားအထိမြင့်ပေမယ်၊ ဘယ်အချိန်မှာတော့ လျှော့ပေးမယ် ဆိုပြီးဆုံးဖြတ်ပါတယ်။ အဲ့တော့ ကိုယ့်ဖုန်းနဲ့ အဆင်ပြေတဲ့ ပိုပြီးအခြေခံကျကျ ပြောရရင် ကိုယ်ဖုန်းကိုသုံးတဲ့ ပုံစံနဲ့ အဆင်ပြေတဲ့ CPU Governor ကိုရွေးမိထားရင်၊ ကျွန်တော်တို့ရဲ့ ဖုန်းက ကျွန်တော်တို့ သုံးနေတဲ့အချိန်မှာ performance အကောင်းဆုံးကိုပေးမှာဖြစ်ပြီးမသုံးပဲ idle ဖြစ်နေတဲ့အချိန်မှာ CPU အသုံးပြုမှု့ကိုအနိမ့်ဆုံးလျှော့ချနိုင်တဲ့အတွက် Battery Life ကိုအကောင်းဆုံးဆွဲဆန့်နိုင်မှာပါ။ အပေါ်မှာပြောခဲ့သလိုပါပဲ  CPU Governor တွေက kernel တစ်ခုနဲ့တခုမတူပါဘူး။ ကျွန်တော်အဓိကပြောချင်တာက Governors တစ်ခုချင်းဆီရဲ့လုပ်ဆောင်ပုံအကြမ်းဖျင်းပါ။ သိထားတော့ ကိုယ်အသုံးပြုပုံနဲ့ အဆင်ပြေတဲ့ Governor တစ်ခုကိုရွေးလို့ရတာပေါ့။ 

Governor တွေအများကြီးရှိပါတယ်၊ အဲ့ထဲက ၁၉ ခုလောက်တော့ ကျွန်တော်နားလည်သလောက်  အကြမ်းဖျင်း ရှင်းပြချင်ပါတယ်။  
1.Ondemand
2.Conservative
3.InteractiveX
4.SmartAss
5.SmartAssV2
6.LagFree
7.Brazillianwax
8.SavagedZan
9.Userspace
10.Powersave
11.Performance
12.Minmax
13.Scary
14.Lulzactive
15.Intellidemand
16.Badass
17.Lionheart
18.Lionheartx
19.Virtuous

Ondemand–ဆိုတာကတော့ လွယ်လွယ်ကူကူနားလည်နိုင်ပါတယ်၊ kernel တိုင်းရဲ့ Default Governor ပါ။ သူ့ရဲ့လုပ်ဆောင်ချက်ကလဲရှင်းပါတယ်။ လိုအပ်ရင် CPU ကိုအမြင့်ဆုံးမြှင့်တင်ပေးပြီးမလိုအပ်တော့ရင်ဖြည်းဖြည်းခြင်း ပြန်လျှော့ချပေးပါတယ်။ 

Conservative - ဒီ Governor က အဓိကအားဖြင့် battery life ကောင်းကောင်းရဖို့အတွက် CPU speed ကိုလိုအပ်သလောက်သာတစ်ဆင့်ချင်းစီ မြင့်တင်ပေးသွားတာပါ။ Ondemandနဲ့မတူတာကရုတ်တရက် CPU ကိုအမြင့်ဆုံးဆွဲတင်လိုက်တာမျိုးမဟုတ်ပဲဘက်ထရီအားကိုတအားဆောင့်ဆွဲခြင်းမျိုးမရှိတာကြောင့် ဘက်ထရီအစားသက်သာစေပါတယ်။ 

InteractiveX - သူကတော့ Interactive ဆိုတဲ့ CPU Governor လိုပါပဲဒါပေမယ့် ကျွန်တော်တို့ ဖုန်း Screen off ထားတဲ့အချိန်မှာ CPU ကိုအတတ်နိုင်ဆုံးလျှော့ချပြီး Battery life ကောင်းကောင်းရစေတာပါ။ 

SmartAss - ဒီကောင်ကလဲ Conservative လိုပါပဲဒါပေမယ့် နာမည်အတိုင်းပဲ CPU speed အတင်အချ မှာတော့ Conservative ထက်ပိုပြီး Smart Ass ဖြစ်တာပေါ့။ 

SmartAssV2 - ဒီကောင်ကတော့ SmartAssကိုပိုပြီးမွန်းမံထားတာပါ။

LagFree - ဒီ Governor ကတော့ Ondemandနဲ့ လုပ်ဆောင်ပုံခြင်းဆင်တူပါတယ်။ မတူညီတာကသူကပိုပြီး battery အစားသက်သာစေမှာဖြစ်ပါတယ်။ ဒါ့အပြင် နာမည်အတိုင်းပဲ lag free ဖြစ်ဖို့အတွက် သူဟာ CPU frequency ကိုတစ်ဆင့်ချင်းပုံမှန်လေးဘာအဆင့်မှမကျော်ပဲဂရုတစိုက် Frequency အတတ်အဆင်းလုပ်ပေးပါတယ်။ မကောင်းတဲ့အချက်ကတစ်ခါတရံ CPU ကိုအမြန်ဆုံး 100% အလုပ်လုပ်ခိုင်းရမယ့် အနေအထားမျိုးဖြစ်လာရင်တော့ အားကိုးလို့မရပါဘူး။ 

Brazillianwax - သူက SmartAssV2 ကိုအခြေခံတာပါ။ ဒါပေမယ့် သူက CPU အတတ်အကျကိုပိုပြီးမြန်မြန်လုပ်ဆောင်ပါတယ်။ အဲ့တော့ performance ပိုင်းအားရစရာရှိပေမယ့် ဘက်ထရီပိုင်းတော့ အဆင်မပြေပါဘူး။

SavagedZen – သူလဲ SmartAssV2 အတိုင်းပါပဲဒါပေမယ့် performance နဲ့ battery ကိုအကောင်းဆုံးချိန်ညှိပေးပါတယ်။ 

Userspace - တခြားGovernerတွေက ကျွန်တော်တို့ သုံးတဲ့ အနေအထားပေါ်မှုတည်ပြီး optimization အများကြီးလုပ်ပေးပါတယ်။ သူကတော့ ဘာ optimization မှမပါတဲ့ plain ပါ။ 

Powersave - နာမည်အတိုင်းပါပဲ၊ ဘက်ထရီအစားအလွန်သက်သာစေတဲ့ governor ပါ။ ဖုန်းမသုံးတဲ့အချိန်မျိုးမှာဒီ governor ကိုပြောင်းထားသင့်ပါတယ်။ 

Minmax - ဒီတစ်ခုကတော့  သူတက်နိုင်သလောက် အနိမ့်ဆုံး CPU speed မှာပဲနေပါတယ်။ တကယ်လိုအပ်လာပြီဆိုရင် အမြင့်ဆုံးကိုချက်ချင်းခုန်တက်နိုင်ပါတယ်။ 

Scary – ဒီတစ်ခုက Conservative ရဲ့ မူအတိုင်းပဲအလုပ်လုပ်ပါတယ်။ ဒါပေမယ့် Screen Off ထားတဲ့အခါ အတတ်နိုင်ဆုံးအနိမ့်ဆုံး frequency မှာနေပြီး Screen On လိုက်တဲ့အခါမှာတော့ Conservative ပုံစံပြောင်းသွားမှာပါ။ သူ့ရဲ့ Target က ဘက်ထရီအစားသက်သာပြီး performance ပိုင်းမကျစေပါဘူး။ 

Lulzactive - ဒီတစ်ခုကInteractivexနဲ့ SmartAssတို့ရဲ့ လုပ်ဆောင်ပုံတွေကိုပေါင်းစပ်ထားတာပါ။ ကျွန်တော်တို့ ပေးလိုက်တဲ့ အလုပ်တစ်ခုက 60% ထပ်ပိုရင် ဒါမှမဟုတ် တူညီရင် CPU ကိုသူသတ်မှတ်ထားတဲ့ higher level ကိုဆွဲတင်သွားပြီး 60% အောက်ဆိုရင်တော့ သတ်မှတ်ထားတဲ့ lower level အထိ Scale ချသွားပါတယ်။ ဖုန်း Screen Off ထားတဲ့အချိန်မှာတော့ lowest Frequency တစ်ခုမှာလုံးဝတည်ငြိမ်နေစေမှာပါ။ 

Intellidemand - ဒီ Governor က Ondemand Governor ကိုပိုကောင်းအောင်ပြုပြင်ထားတာပါ။ အဓိကအားဖြင့် GPU ကအများကြီးအလုပ်လုပ်လာရပြီ ကျွန်တော်တို့ ဂိမ်းကစားတာတို့ Maps သုံးတာတို့လုပ်နေပြီဆိုရင် Intellidemand က Ondemandအတိုင်းလုပ်ဆောင်ပါတယ်။ GPU အလုပ်သိပ်မရှိတဲ့ အချိန်မှာတော့ Browsing Mode လို့ခေါ်တဲ့ သင့်တော်ရာ Frequency မှာပဲအနိမ့်ဆုံးထိန်းထားပြီးဘက်ထရီအစားသက်သာအောင် လုပ်ဆောင်ပေးပါတယ်။ Intellidemand က game ပုံမှန်ကစားဖြစ်တဲ့သူတွေအတွက် အဆင်ပြေမှာပါ။ 

LionHeart - သူက Conservative governor ကိုအခြေခံပြီးရေးထားတာပါ။ အလွယ်သဘောနဲ့ ပြောရရင် သူက Battery saving ထက် ပိုပြီး Smoothness ဖြစ်မှု့ကိုအလေးထားပါတယ်။ I/O scheduler Deadline နဲ့တွဲသုံးတာအကောင်းဆုံးလို့ပြောကြပါတယ်။ 

LionHeartX – LionHeartပါပဲသူ့မှာ Features တွေပိုပါ ပါတယ်။ 

Virtuous – ဒီ governor ကတော့ Sleep and Wake အတွက် governor တစ်ခုစီသုံးပါတယ်။ ဖုန်းအသုံးပြုနေတဲ့အချိန်မှာတော့ max performance ထုတ်လုပ်ပေးပြီးအသုံးမပြုတဲ့အချိန်မှာတော့ CPU frequencies တွေကိုလျှော့ချထားပေးပါတယ်။ တစ်ခြား governor တွေထက်ထူးခြားတာက sleep and wake အပေါ်မှာလိုက်ပြီး governor ပြောင်းသုံးခြင်းဖြစ်ပါတယ်။ 

နောက်တခြား Governor တွေလဲရှိပါသေးတယ်၊ ထပ်ပြီးလေ့လာချင်တဲ့သူတွေအတွက်တော့  ကျွန်တော်တွေ့ထားတဲ့ XDA ကပိုစ်တွေကိုလင့်ခ်ပေးပါ့မယ်။ 

နောက် i/o schedulers တွေရှိပါသေးတယ်။ ဒါတွေကလဲ battery နဲ့ performance ပိုင်းကိုဆုံးဖြတ်ပေးပါတယ်။ ဒါပေမယ့် ဇာတ်လမ်းရှုပ်တဲ့အတွက် ကျွန်တော်မရေးတော့ပါဘူး။ ကျွန်တော်လဲအမှန်အတိုင်းဝန်ခံရရင် I/O Schedulers တွေမပြောနဲ့အုံး governors တွေကိုတောင် အကြမ်းဖျင်းပဲနားလည်တာပါ။ 

ကိုယ့်ဖုန်းနဲ့ ကိုယ်အသုံးပြုတဲ့ ပုံစံအပေါ်မူတည်ပြီးလိုက်ဖက်ညီတဲ့ Governor ကိုရွေးချယ်ထားနိုင်ရင် ဖုန်းဟာအံ့သြစရာကောင်းလောက်အောင် ဘက်ထရီအသုံးခံလာပါလိမ့်မယ်။ ဘက်ထရီစားတယ်ဆိုတာ CPU နဲ့ GPU တွေကမလိုအပ်ပဲအလုပ်တွေလုပ်နေရတာကြောင့်ပါ။ အဲ့ဒါကိုထိန်းချုပ်နိုင်တာ kernel တစ်ခုပဲရှိပါတယ်။ kernel တစ်ခုမှာအသုံးပြုသူက tuning or tweak လုပ်လို့ရတဲ့ အပိုင်းတွေအများကြီးရှိပါတယ်။ ဒါပေမယ့် basic usersတွေအတွက်တော့မဟုတ်ပါဘူး။ 

kernel ပေါ်လိုက်ပြီးတခြား Features တွေပါနိုင်ပါသေးတယ်၊ ဥပမာပြောရရင် wifi tethering မရတဲ့ဖုန်းတွေမှာ tethering လုပ်ပေးတာမျိုးပေါ့။ နောက်တစ်ခု က SBC ဆိုတဲ့ Superior Battery Charging ဆိုတဲ့ ဟာမျိုးပါ။ battery ကို ၁၀ မိနစ် ၁၅ မိနစ်နဲ့ 0% to 100% အားသွင်းပေးနိုင်တာမျိုးပါ။ အန္တရယ်များပါတယ်။ အရမ်းအရေးကြီးတဲ့ အချိန်မျိုးမှ ဒီ Feature ကိုဖွင့်ပြီးသုံးပါ။ အမြဲသုံးချင်ရင် မီးသတ်ဆေးဘူးဘေးမှာချထားဖို့လိုပါတယ်(worst case scenario) ။ အော်.. .လမ်းကြုံလို့ ပြောလိုက်အုံးမယ်၊ ဒီလို SBC မျိုးမသုံးပဲနဲ့ အားမြန်မြန်ပြည့်ချင်တယ်ဆိုရင် Tablet တွေမှာသုံးတဲ့ Charger နဲ့ Cable တိုတို(တိုနိုင်သလောက် တိုလို့ရတယ်) ကိုသာပေါင်းပြီးသုံးပါ။ အန္တရယ်လုံးဝကင်းပါတယ်လို့ အာမမခံပေမယ့် ကျွန်တော့်ဖုန်းအဲ့လိုမျိုးသွင်းနေတာ ၂နှစ်နီးပါးရှိပါပြီ။ 

How to Flash RIGHT Kernel??

အရေးကြီးတာကကိုယ်သုံးမယ့် kernel ကကိုယ့်ဖုန်းအတွက် compatible ဖြစ်မဖြစ်ပါ။ အကောင်းဆုံး kernel ကတော့ Franco kernel ပါ။ သူက nexus devices တွေအတွက်ပါပဲ။ သူကApkရှိပါတယ်။ အဲ့ Apkကိုသွင်း( Google Play မှာ $4 ကျော်ပါတယ်) kernel zip ကိုဒေါင်း ပြီးရင် flash လိုက်ယုံပါပဲ။ နောက်တစ်ခုကSiyah Kernel ပါ။ သူ့ရဲ့ Dual Boot ROMs feature ကနာမည်ကြီးပါတယ်။ 

အဲ့တော့အတိုချုန်းပြီးပြန်ပြောရရင် ဖုန်းကတော့သုံးရင် Battery ကုန်မှာပါပဲ၊ မကုန်ချင်ရင် ကျွန်တော်တို့ ဖုန်းမသုံးတဲ့အချိန်မှာCPU က အားမသုံးဖို့ထိန်းချုပ်ရမယ်၊ အဲ့လိုထိန်းချုပ်နိုင်ရင်  ကျွန်တော်တို့ Location Data , Wifi , 3G 4G ဖွင့်ထားအုံးတော့ battery က ကောင်းကောင်းအသုံးခံမှာပါပဲ။ ကျွန်တော့ဖုန်းတွေမှာဆို CPU Governor ကိုအများသောအားဖြင့် Conservative သုံးပါတယ်။ တစ်ခါတလေOndemandထားပြီး i/o scheduler(task scheduler)  မှာ Deadline ထားပါတယ်။ MPT က မိနစ်နဲ့ ကောက်တာဖြစ်တဲ့အတွက် ကျွန်တော်တို့ တော်တော်များများ Data ကိုတောက်လျှောက် ဖွင့်ထားတာမျိုးတော့ မလုပ်ကြပါဘူး။ ဒါပေမယ့် Data volume နဲ့ ပိုက်ဆံကောက်တဲ့ နိုင်ငံတွေမှာတော့ အတတ်နိုင်ဆုံးအချိန်လေးနည်းနည်းပေးပြီးကိုယ့်ဖုန်းနဲ့သင့်လျော်မယ့် kernel ကိုရွေးပြီးသုံးခြင်းက Data ဖွင့်ထားရင်တောင် အချိန်ကြာကြာအသုံးခံမှာပါ။ 

နောက်တစ်ခုကCyanogenmod installer နဲ့ Cyanogenmodကို Flash ပါ။ Cyanogenmod installer ကကျွန်တော်တို့ဖုန်းနဲ့ အဆင်ပြေဆုံး CM version ကို Flash ပေးမှာပါ။ CM နဲ့အတူတွဲပါလာတဲ့ kernel တွေကလဲအကောင်းဆုံးတွေလို့ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ ROM နဲ့ Kernel နဲ့ Device ကိုအကောင်းဆုံး Optimize လုပ်ထားတဲ့အတွက်ပါ။ 

ဒါတွေကတော့ကျွန်တော်သိသလောက် Governor တွေအကြောင်းပါ။ အားလုံးကlifehackerနဲ့ XDA ကနေရှာဖွေထားတာပါ။ သူတို့ရေးထားတာတွေကတော့အသေးစိတ်ကျပါတယ်။ ဒါပေမယ့် ကျွန်တော် အကြမ်းဖျင်းပဲနားလည်သလောက်ပြန်ရေးထားတာပါ။ အမှားရှိရင်လဲထောက်ပြပေးပါ။ 

“ ကျွန်တော်ကတော့ kernel ပြောင်းဘာပြောင်းနဲ့ အလုပ်ရှုပ်တယ် နားလည်းမလည်ဘူးရိုးရိုးပဲဘက်ထရီခံအောင်လုပ်နည်းမရှိဘူးလား…? “ ဆိုရင် ရှိပါတယ်။ 

အဲ့လိုနည်းတွေက ကျွန်တော့်အကြိုက်မဟုတ်ပေမယ့် Google မှာသာရိုက်ရှာလိုက်ရင် အများကြီးထွက်လာမှာပါ။ kernel ကိုသွားကလိတာထက်တော့ လွယ်ကူပါတယ်။ 

Credit for all
                  
 ကျွန်​​တော့်​ Blog ကိုလဲဝင်​​ရောက်​ကြည့်ရှု့လိုလျှင်​      www.uthurein.blogspot.com   မှာဝင်​​ရောက်​ကြည့်​ရှုနိုင်​ပါတယ်​။                    
                        အစဉ်​ကြိုးစားလျက်
                       ဦးသူရိန်​ ( နည်းပညာ )

Thursday, September 8, 2016

Huawei G Play Mini and Huawei G620S_UL00
Charging Solution


Huawei GplayMini & G620S_UL00
တွေမှာအဖြစ်များသော အားမ၀င်တယ့်ပြစ်ချက်များကိုဖြေရှင်းပြထားတာပါ။
လိုအပ်သော ၀ါသနာတူ ပြစ်ချက်တူ ညီအကိုများအောက်မှာဒေါင်းပြီးသာယူကြပေတော့ဗျာ။

လိုအပ်သူများ အောက်ကလင့်မှာယူနိုင်ပါတယ်

http://goo.gl/LzJVMH

Credit .... U Maung Maung Naing

လျှပ်စစ် မီတာခ တွတ်ချက်နည်း

လျှပ်စစ် မီတာခ တွတ်ချက်နည်း 


အိမ်တိုင်း၊လုပ်ငန်းတိုင်းမှာမရှိမဖြစ်တာကတော့ လျှပ်စစ်မီတာပဲဖြစ်ပါတယ်။လစဉ်လတိုင်း
မီတာစာရွက်လာလျှင် ပုံမှန်Billဆောင်ရသော်လည်း ယူနစ် ၁ ယူနစ်၏တွက်ချက်ခြင်းအားမသိသလို လစ်လျစ်လျူရှု့မိကျမည်မဟုတ်လား…?

**တွက်ချက်နည်း**
လျှပ်စစ်မီးအား 
၁ ယူနစ် kWh (kilowatt hour) ကို၊ 
၁ နာရီလျှင် ဝပ် ၁၀၀၀ ဆိုပြီး
သတ်မှတ်ထားပါသည်။

လျှပ်စစ်မီးပစ္စည်းတိုင်းတွင်
မီးအားစားနှုန်းများပါရှိပါသည်။
(ဥပမာ၊ ၄ ပေ မီးချောင်း - ဝပ် ၄၀၊ လျှပ်စစ်ထမင်းပေါင်းအိုး - ဝပ် ၇၀၀ ၊ စသည်ဖြင့်)

လျှပ်စစ်အား ၁ ယူနစ်တွက်ချက်ရာတွင် အောက်ပါတွက်ချက်နည်းအားအသုံးပြုရပါမည်။
(မီးအားစားနှုန်း/၁၀၀၀ x အသုံးပြုသောအချိန်နာရီ x 
၁ ယူနစ်နှုန်းထား = ကုန်ကျငွေတန်ဖိုး)

ဥပမာ ၁ -
၇၀၀ ဝပ် လျှပ်စစ်ထမင်းပေါင်းအိုးအား 
မိနစ် ၃၀ ခန့်အသုံးပြုလျှင် 
(၇၀၀ ဝပ် x ၀.၅ နာရီ / ၁၀၀၀ x ၃၅ကျပ် = 
၁၂.၂၅ ကျပ်) 
စုစုပေါင်း ၁၂.၂၅ ကျပ်ကျသင့်မည်ဖြစ်ပါသည်။

ဥပမာ ၂ -
၎ ပေ မီးချောင်း ၄ ချောင်း 
(၄၀ ဝပ်  x ၄ = ၁၆၀ ဝပ်)၊ 
၁ ကောင် အဲယားကွန်း ၁ လုံး (၇၅၀ ဝပ်)၊ 
၁၅၀ ဝပ် တီဗွီ ၁ လုံး (၁၅၀ ဝပ်) 
စုစုပေါင်း ၁၀၆၀ ဝပ်  အား 
၁ နာရီခန့်အသုံးပြုနေချိန်တွင်
(၁၀၆၀  ဝပ် x ၁ နာရီ / ၁၀၀၀ x ၃၅ကျပ် = ၃၇ ကျပ်) 
စုစုပေါင်း ၃၇ ကျပ်ကျသင့်မည်ဖြစ်ပါသည်။

Credit- Writer

ဦးသူရိန်(နည်းပညာ) ᠌᠌᠌ ᠌᠌᠌

Huawei ဖုန်းတွေအတွက် Secret Code လေးတွေပါ....

ဒါကတော့ Huawei ဖုန်းတွေအတွက် Secret Code လေးတွေပါ....Huawei အတွက် secret codes လေးတွေပါ…keypad မှာရိုက်ပေးယုံပါပဲ..ဖုန်းကလိတာ ၀ါသနာ ပါသူတွေ အတွက်ပါ…

*#*#4636#*#* အဓိကကျတဲ့ Testing နေရာကိုရောက်သွားပါလိမ့်မယ် (network ချိန်းတာတို့ ဖုန်းအခြေအနေ ကြည့်တာတို့ပေါ့ )

*#*#2846579#*# ကိုလည်းသုံးနိုင်ပါတယ်…..

*#*#7780#*#* for a factory data reset

*2767*3855# for factory format (ပုံမှန်သုံးသူများမစမ်းသင့်ပါ)

*#*#197328640#*#* change settings in the service mode

*#*#232338#*#* show WiFi MAC Address

*#*#1472365#*#* GPS test

*#*#232331#*#* Bluetooth test

*#*#232337#*#* Bluetooth device show address

*#*#1111#*#* FTA SW Version

*#*#2222#*#* FTA HW Version

Factory Tests

*#*#0283#*#* Packet loopback

*#*#2222#*#* FTA HW Version

အားပေးမှုကိုကျေးဇူးတင်လျက် 
             #ဦးသူရိန်(နည်းပညာ)

Wednesday, September 7, 2016

Computer မှ ဖိုင်များကို စမတ်ဖုန်းကနေ ကြိုးမဲ့ ရယူနည်း

သင့်ရဲ့ စမတ်ဖုန်းကနေ ကွန်ပြူတာမှ ဖိုင်များကို ကြိုးမဲ့ နည်းလမ်းဖြင့် ရယူနိုင်ပါတယ်။ ဒီလိုလုပ်ဖို့ သင့်ကွန်ပြူတာမှာ Software များထည့်သွင်းစရာလည်း မလိုပါဘူး။ Android Phone မှာတော့ ES File Explorer ကို ထည့်သွင်းထားရမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းကို အသုံးပြုရင် ကြီးမားတဲ့ ဖိုင်များကိုတောင် လျှင်မြန်စွာ ရယူနိုင်မှာ ဖြစ်ပါတယ်။

သင့်ရဲ့ ကွန်ပြူတာနဲ့ စမတ်ဖုန်းကို တူညီတဲ့ WiFi Network တစ်ခုထဲမှာ ချိတ်ဆက်ထားဖို့ လိုပါတယ်။

သင့်ကွန်ပြူတာမှ Share လုပ်ချင်တဲ့ Hard Drive သို့မဟုတ် ဖိုဒါအပေါ်မှာ Right Click နှိပ်ပြီး အောက်ပါလမ်းကြောင်းအတိုင်းသွားပါ။

Properties > Sharing>Advanced sharing >share this folder

Share this folder မှာ အမှန်ခြစ်ပေးပြီး Apply ကို နှိပ်ပါ။ Ok ကို နှိပ်ပါ။

သင့်ဖုန်းမှ ES File Explorer ကို ဖွင့်ပြီး ဘယ်ဘက်အပေါ်ထောင့်မှ Menu ကို နှိပ်ပြီး LAN ထဲသွားပါ။

Scan ခလုတ်ကို နှိပ်ရင် သင့်ကွန်ပြူတာကို တွေ့ရမှာ ဖြစ်ပါတယ်။ Username, Password ထည့်ပေးပြီးရင် သင့်ကွန်ပြူတာမှ မျှဝေထားတဲ့ Hard Drive or Folder ကို မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။

ဖိုဒါတစ်ခုကို ဖိထားပြီး ကော်ပီလုပ်ပါ။ Cut လည်းပြုလုပ်နိုင်ပါတယ်။

သင့်စမတ်ဖုန်းမှာ သိမ်းချင်တဲ့ နေရာကို သွားပြီး Paste လုပ်ပါ။ ဒါဆိုရင် သင့်ကွန်ပြူတာမှ ဖိုင်ကို စမတ်ဖုန်းကနေ ရယူနေပါပြီ။ သင့် WiFi လိုင်းရဲ့ အမြန်နှုန်းနဲ့ ဖိုင်အရွယ်အစားအပေါ်မူတည်ပြီး အချိန်ကြာမြင့်မှာ ဖြစ်ပါတယ်။

Ref.DigitalLife







Sunday, September 4, 2016

iCloud Password မေ့နေလား
Firmware ကျသွားရင် Lock ကျသွားမှာ စိုးရိမ်နေရလား
Firmware Update လုပ်ချင်တာ မလုပ်နိုင်ဘူးလား။
ပြန်ရချင်ပါသလား
အောက်မှာပါတယ့် ScreenShot လေးတွေကြည့်ပြီးလုပ်ကြည့်ပါ။



















 download link
ကို 

https://goo.gl/3U4ihJ

Credit for Original Author
ဦးသူရိန်(နည်းပညာ)

Saturday, September 3, 2016


Facebook ရဲ့ အကောင့်  setting တွေကို ကျွမ်းကျွမ်းကျင်ကျင် နားလည်သဘောပေါက်လိုသူများအတွက်ပါ။

ဒီအကြောင်းတွေကိုနားလည် သဘောပေါက်သွားပြီဆိုရင်သူငယ်ချင်းတို့အကောင့် တွေဟာလုံခြုံမှု ရှိလာမှာဖြစ်သလို မသိနားနိုးနဲ့  ထိတ်လန့် ကြောက်ရွံ့ နေစရာမလိုတော့ ပါဘူး။
တချို့သူငယ်ချင်းတွေဆို Like မရတာတို့...Security Code တောင်းပြီး FB သုံးမရတော့တာတွေရယ်..Account Hack ခံရတာတွေမကြုံရအောင် ကိုယ့်ရဲ့ Facebook Setting ထဲဝင်ပြီးလုံခြုံရေးစနစ်တွေတိုးမြင့်ထားလို့ရတယ်...
သိပြီးသားသူငယ်ချင်းတွေလည်းရှိမှာပါ။ဒါပေမယ့် အခြေခံကနေစပြီးလေ့ လာနိုင်အောင်တင်ပေးလိုက်တာပါ။
General account settings
---------------------------------------------------
Name =ဆိုတာကတော့မိမိနာမည်ပါ။
Username =ကတော့ မိမိအသုံးပြုနေတဲ့ အကောင့် နာမည်ပါ။ သူ့ ကိုသူငယ်ချင်းတွေကို မိမိလိပ်စာပေးတဲ့ နေရာမှာအသုံးပြုလို့ ရပါတယ်။
Email =ကတော့မိမိရဲ့အီးမေးလိပ်စာပါ။
Networks =ဆိုတာက
သာမန်userတစ်ယောက်အနေနဲ့ မသုံးပါဘူး
Language =ဆိုတာကတော့ ဘာသာစကားတွေပြောင်းတဲ့ နေရာပါ။ facebook ကိုမြန်မာလိုသုံးချင်သူများအတွက်ဆိုရင်တော့  အဲဒီနေရာမှာ မြန်မာလိုပြောင်းလဲသုံးစွဲလို့ ရပါတယ်။

Security settings
---------------------------------------
ဒီကောင်လေးကတော့ မိမိတို့ ရဲ့ အကောင့် လုံခြုံရေးအတွက်မဖြစ်မနေသိထားသင့် ပါတယ်။အောက်မှာ
အသေးစိတ်ကိုရှင်းပြပေးထားပါတယ်။

Secure browsing
-------------------------------------
ဒီကောင်လေးကိုတော့  virus ,spam , hacker တွေရန်မှကင်းဝေးအောင်အသုံးပြုပါတယ်။Edit ကိုနိပ်ပြီးအမှန်လေးခြစ်ထားပေးရင်save change လုပ်ထားပေးရင် အကာအကွယ်တစ်ခုတော့ အထောက်အကူရပါတယ်။

Login notification
----------------------------------
ဒီကောင်လေးကတော့ မိမိတို့  account ကို အသုံးပြုတိုင်း message လေးနဲ့ မိမိကိုသတိပေးပါတယ်။ 
ဒီနေရာမှာ အီးမေး message လိုချင်ရင် email message နေရာမှာ အမှန်ခြစ်ပေးထားရင် မိမိတို့ အကောင့် ကို ဝင်ရောက်တိုင်း မိမိရဲ့ အီးမေး ကို message ပို့ ပေးမှာဖြစ်ပါတယ်။

Login apporvals
----------------------------
Login apporvals လုပ်တယ်ဆိုတာကတော့  unknow browser တွေနဲ့ မိမိတို့ အကောင့် ကိုဝင်ရောက်မယ်ဆိုရင် မိမိ ခွင့် ပြု ချက်ရမှာသာ ဝင်ရောက်လို့ ရပါတယ်။
ဒီနေရာမှာ မိမိက ကိုယ့် ရဲ့  password ကိုပြောပြပြီး တစ်ခြားသူငယ်ချင်းတစ်ယောက်ကို ဝင်ခိုင်းသည်ထားအုံး မိမိရဲ့ ခွင့် ပြုချက်မရရှိပါက ။မိမိအကောင့် ကို ဘယ်လိုမှဝင်ရောက်လို့ မရနိုင်ပါ။။တကယ်လို့ လုံခြုံရေး တိုးမြှင့် သည့် အခါမျိုး တွင်သုံးနိုင်ပါသည်။

Get started ကိုနိပ်လိုက်ရင် မိမိတို့  account ကို login ဝင်တိုင်း ဖုန်းကနေ security code ရယူပြီးလုံခြုံရေးကိုနှစ်ထပ် ထပ်မံတိုးမြှင့် လို့ ရပါတယ်။

Code generator
----------------------------------
Code generator ဆိုတာကတော့ facebook application ကို code gerneate နဲ့  လုံခြုံ အောင် ပြုလုပ်ခြင်းပါ ။

အသုံးပြုချင်တယ်ဆိုရင် set up ကိုနိုပ်ပါ။မိမိ password ကိုထည့် ပါ။ပြီးရင် sumbit ကိုနိပ်ပါ။

မိမိကြိုက်တဲ့  security code ကိုထည့် ပါ။

App password
---------------------------------
App password ဆိုတာကလည်းလုံခြုံရေး ကို ထပ်မံတိုးမြှင့် ထားတဲ့ ( special password ) ပါပဲ။ဒီကောင်လေးကို မိမိတို့  login ဝင်ရောက်တိုင်း တစ်ကြိမ်သာအသုံးပြုလို့ ရပါတယ်။
login apporvals ကိုမိမိကအသုံးပြုထားတယ်ဆိုရင် တစ်ခါတစ်လေ အကောင့် ဟာ tempoary lock ကျတဲ့ အခါမျိုးမှာ app passsword နဲ့ ဝင်ရောက်လို့ ရပါတယ်။အသုံးပြုမယ်ပုံလေးကတော့ 

Account Settings > Security)
Find the App Passwords section and click Edit
Click the Generate app passwords link
Type in the name of the App and click Generate Password
Go to your app and use that password to log in

Trusted contant
--------------------------------------
Trusted contant ဆိုတာကတော့ မိမိရဲ့ အကောင့် lock out ကျသွားခဲ့ တဲ့ အခါမျိုးမှာ သူငယ်ချင်းတစ်ယောက်ယောက်ရဲ့ အကူအညီနဲ့ ပြန်လည်ရယူချင်ရင်ဒီမှာ မိမိသူငယ်ချင်းနာမည်ကို ရွေးထားပေးခြင်းအားဖြင့်  မိမိ အကောင့်  lock ကျတဲ့ အခါမှာ အကူအညီရနိုင်ပါတယ်။
ကြိုတင်လုပ်ဆောင်သင့် တဲ့ အချက်ကလေးပါပဲ။အသုံးပြုမယ်ဆိုရင် choose trusted contants ကိုနိပ်ပြီးမိမိ သူငယ်ချင်းတွေကို add လုပ်ထားနိုင်ပါတယ်။

Trusted browser
-----------------------------------

Trusted browser ဆိုတာကတော့ မိမိရဲ့  facebook အကောင့် ကိုဝင်ရောက်ခဲ့ တဲ့ browser တွေကိုကြည့် ရှူ ပြီးခြေရာကောက်နိုင်ပါတယ်။ဖုန်းနှင့် ဝင်ရောက်သွား
တာလား Windows နှင့် ဝင်ရောက်တာလားဆိုတာကွဲကွဲပြားပြား သိနိုင်ပါတယ်။

Where You're Logged In
-----------------------------------------------
Where You're Logged In ဆိုတာကတော့  မိမိ အကောင့် ကိုအသုံးပြုနေတဲ့ နေရာ ရယ် windows ရယ် browser တွေကို တိတိကျကျ ခြေ ရာကောက် နိုင်ပါတယ်။ ( history လိုက်လို့ ရပါတယ်)

Decative account
------------------------------------
Decative account ကိုတော့ လုံးဝ(လုံးဝ) မနိပ်ပါနဲ့ဗျာ facebook ကြီးကလွမ်းသွားပါလိမ့် မယ်။Decative account ကိုနှိပ်မိရင် ကိုယ့်ရဲ့ account သုံးလို့ရမှာမဟုတ်တော့ပါဘူး။

Credit To Original Writer

Tuesday, August 30, 2016

Mobile Internet အခြေခံ ဆက်သွယ်ရေး Applications များ

Mobile Internet အခြေခံ ဆက်သွယ်ရေး Applications များ ( Viber, Wechat, etc,... )
============================

မိုဘိုင်းဖုန်းမှတဆင့် အင်တာနက်အသုံးပြုမှု များလာ သည်နှင့်အမျှ တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရာတွင် မိုဘိုင်းဖုန်းများဖြင့် ဖုန်းပြောရုံသာမက အင်တာနက် အခြေခံ ဆက်သွယ်ရေး ဆော့ဖ်ဝဲ (Messenger) များကိုလည်း အသုံးပြု၍ ဆက်သွယ်လာကြသည်။ 

Messenger များသည် အင်တာနက်အခြေခံ၍ အလုပ်လုပ်ခြင်းဖြစ်သဖြင့် စာသားများအပြင် ဓာတ်ပုံ များ၊ စတစ်ကာများ၊ အသံဖိုင်များ၊ ဗီဒီယိုဖိုင်များကို ပေးပို့နိုင်သည့်အပြင် အသံပြောဆိုခြင်း၊ မက်ဆေ့ ပေးပို့ခြင်းတို့တွင် ပုံမှန်ဖုန်းခေါ်ဆိုခနှင့် မက်ဆေ့ပို့ခ များထက်လည်း ပို၍ သက်သာသည်။

Messenger များကို ထုတ်လုပ်သူများအနေဖြင့် အခြေခံအားဖြင့် အခမဲ့ပေးထားကြရာ နိုင်ငံတကာ ဈေးကွက်မှ Messenger များကို Android Application များ အခမဲ့တင်ပေးထားသည့် 
Google Playstore နှင့် 1 mobile market တို့မှ အခမဲ့ ရယူအသုံးပြုနိုင်သည်။ Messenger အသုံးပြု သူအချင်းချင်း ဆက်သွယ်သည်ထက်ပိုကာ မိုဘိုင်း ဖုန်းမှ ကြိုးဖုန်းများကို တိုက်ရိုက်ဖုန်းပြောဆိုနိုင်သည့် ၀န်ဆောင်မှုကိုမူ အခကြေးငွေဖြင့် ရောင်းချကြသည်။

မြန်မာနိုင်ငံမှ ဖုန်းသုံးသူအများစုအနေဖြင့် Viber ကို သုံးနေကြဆဲဖြစ်သော်လည်း နိုင်ငံတကာမှ Messenger ထုတ်လုပ်သူများက မြန်မာနိုင်ငံ ဈေးကွက်သို့ လာရောက်မိတ်ဆက်နေပြီဖြစ်ရာ အခြား Messenger အသစ်များကိုလည်း စမ်းသပ် အသုံးပြုနိုင်ပြီ ဖြစ်သလို စမ်းသပ်သုံးနေကြသူများ လည်း ရှိနေပြီ ဖြစ်သည်။ နိုင်ငံတကာတွင် ထိပ်တန်း အဆင့် ရောက်နေပြီး အခမဲ့လည်း သုံးနိုင်သည့် Messenger အချို့ကို ဖော်ပြလိုက်ပါသည်။

WeChat
..............
          WeChat သည် နိုင်ငံတကာတွင် လူသုံးများပြီး ဖြစ်သည့် Messenger တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံသို့ လည်း စတင်ဝင်ရောက်လာပြီ ဖြစ်သည်။ WeChat application ကို ထည့်သွင်းထားသူချင်း Internet မှ တဆင့် တစ်ဦးချင်းနှင့် အဖွဲ့လိုက် message ပေးပို့ ခြင်း၊ တစ်ဦးချင်း/ အဖွဲ့လိုက် ဖုန်းခေါ်ဆိုခြင်း၊ Video call ခေါ်ဆိုခြင်း တို့ကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ဓာတ်ပုံနှင့် ဗီဒီယိုများကို အပြန်အလှန် လျှင်မြန်စွာ ပေးပို့နိုင်ရန် လုပ်ဆောင်ချက်အသစ်များကိုလည်း ထည့်သွင်းထားကြောင်း၊ အင်တာနက်မှ သူငယ်ချင်း များသာမက မိမိဖုန်းတည်ရှိရာ အနီးဝန်းကျင်မှ WeChat အသုံးပြုနေသူများကိုပါ ရှာဖွေ၍ စကား ပြောဆိုနိုင် GPS အခြေခံ Friend Radar နှင့် Nearby စသည့် လုပ်ဆောင်ချက် အသစ်များလည်း ပါဝင်ကြောင်း သိရသည်။ မြန်မာဘာသာဖြင့် ရေးသား ထားသည့် မြန်မာစတစ်ကာအသစ် ၄၅ မျိုးကိုလည်း အခမဲ့ download ပြုလုပ် အသုံးပြုနိုင်သည်။ ဂိမ်း အချို့ကိုလည်း WeChat သုံးသူချင်း ယှဉ်ပြိုင် ကစား နိုင်သည်။

Viber
.........
        မြန်မာနိုင်ငံတွင် အသုံးအများဆုံးဖြစ်နေသော Viber ကို အခမဲ့ ရယူအသုံးပြုနိုင်သည်။ ဖုန်းနံပါတ် ဖြင့်သာ Viber account ကို ဖွင့်ရသဖြင့် User name နှင့် password များ သီးခြားမလိုအပ်သလို ဖုန်းတစ် လုံးတွင် Viber account တစ်ခုသာ သုံးနိုင်သည်။ Viber ထည့်ထားသည့် ဖုန်းအချင်းချင်း စာပို့ခြင်း၊ ဓာတ်ပုံနှင့် ဗီဒီယိုများပို့ခြင်း၊ viber call ပြောဆိုခြင်း တို့ကို အခမဲ့ သုံးနိုင်ပြီး Viber မထည့်ထားသည့် ဖုန်း များသို့ တိုက်ရိုက်ဖုန်းခေါ်နိုင်သည့် ၀န်ဆောင်မှုကိုမူ အခကြေးငွေထပ်ပေး၍ ၀ယ်ယူနိုင်သည်။ ပြည်ပဖုန်း သို့ ဆက်သွယ်ရသူများအနေဖြင့် ပုံမှန်ဖုန်းလိုင်းမှ ပြောဆိုချင်းထက် Viber ၏ တိုက်ရိုက် ဖုန်းခေါ်ဆိုမှု Viber Out ကို ၀ယ်ယူ အသုံးပြုခြင်းဖြင့် ကုန်ကျ စရိတ် သက်သာမည် ဖြစ်သည်။

WhatsApp
..................
         WhatsApp သည်လည်း 2G မှ 4G အထိ network အမျိုးမျိုးနှင့် WiFi network များ အပါအ၀င် မည်သည့် အင်တာနက်လိုင်းဖြင့်မဆို သုံးနိုင်သည့် Messenger တစ်မျိုးဖြစ်သည်။ WhatsApp ထည့် ထားသည့် ဖုန်းအချင်းချင်း စာပို့ခြင်း၊ ဓာတ်ပုံနှင့် ဗီဒီယိုများပို့ခြင်း၊ အသံမက်ဆေ့ ပြောဆိုခြင်း တို့ကို အခမဲ့ သုံးနိုင်သည်။
          ဖုန်းအမျိုးမျိုးပေါ်တွင် လျှင်မြန်စွာ သုံးနိုင်သလို အင်တာနက်ချိတ်ဆက်ရာတွင်လည်း မြန်ဆန်သဖြင့် စတင်ထုတ်လုပ်သည့် ၂၀၁၃ ခုနှစ်မှ ယခုအချိန်အထိ အချိန်တိုအတွင်း ကမ္ဘာ အနှံ့တွင် လူသုံးများလာသည့် Messenger တစ်ခု ဖြစ်သည်။

Skype
...........
        Skype သည် ယခင်က ကွန်ပျူတာ များတွင် နာမည်ကြီးခဲ့ပြီးဖြစ်သည့် Messenger တစ်ခုဖြစ်ကာ မိုဘိုင်းအင်တာနက် အသုံးများလာချိန်တွင် Mobile version များကို ထုတ်လုပ်လာခြင်း ဖြစ်သည်။ Skype ထည့်သွင်းထားသည့် ဖုန်းအချင်းချင်း စာပို့ ခြင်း၊ ဗီဒီယိုများပို့ခြင်း၊ အသံပြောခြင်း၊ ဗီဒီယိုချက် ပြောခြင်းများကို အခမဲ့ လုပ်နိုင်သလို Skype acc များဝယ်ယူ၍ ကမ္ဘာအနှံ့မှ ဖုန်းများသို့ ဈေးနှုန်းချိုသာ စွာ ဆက်သွယ်နိုင်သည်။
         ယခင်က မြန်မာနိုင်ငံမှ အင်တာနက်ဆိုင်များ တွင် နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုပေးသည့် ၀န်ဆောင်မှု ကို Skype ကို အသုံးပြုခဲ့ကြသောကြောင့် Skype ၏ ဈေးနှုန်း ချိုသာမှုနှင့် အရည်အသွေးကောင်းခြင်းတို့ကို သိရှိပြီးဖြစ်ပေသည်။

Line
.......
       Line သည် တစ်ကမ္ဘာလုံးတွင် အသုံးပြုနေသူ သန်း ၆၀၀ ခန့် ရှိနေပြီး အကောင်းဆုံး Messenger များတွင် တစ်ခု အပါအ၀င်ဖြစ်သည်။ အင်တာနက် လိုင်း မကောင်းချိန်တွင်ပင် လျှင်မြန်စွာ သုံးနိုင်သည့် Line application ကို မြန်မာနိုင်ငံတွင်လည်း စတင် အသုံးပြုလာကြသည်။ တစ်ဦးချင်း နှင့် အဖွဲ့လိုက် စာပို့ စကားပြောခြင်း၊ ဓာတ်ပုံနှင့် ဗီဒီယိုများ ပေးပို့ခြင်း တို့ကို အခမဲ့ ပြုလုပ်နိုင်သည်။ Line သည် မူလက ဆက်သွယ်ရေး application တစ်ခုအဖြစ်မှ နောက် ပိုင်းတွင် Social Network တစ်ခုအသွင်ဖြစ်လာပြီး Post များ ရေးသားခြင်း၊ အခြားသူများရေးသည့် Post များတွင် Comment များရေးသားခြင်းတို့ကို ပြုလုပ်နိုင်လာသည်။
Credit: Thura Phyo
                                     လေးစားစွာဖြင့်
                                 ဦးသူရိန်(နည်းပညာ)
                                     ......................

Monday, August 29, 2016

Myanmar Font ကို ADB Command နဲ့ ထည့်နည်း


Myanmar Font ကို Command နဲ့ ထည့်တဲ့ နည်း လူတိုင်းသိပြီးသားနေမှာပါ ။

adb push zawgyi.ttf /data/local/tmp/zawgyi.ttf
ကွန်ပျူတာထဲက zawgyi.ttf ကို ဖုန်းထဲက tmp folder ထဲကိုပို့လိုက်တယ်

adb shell 
shell Command တွေသုံးဖို့ android ရဲ့ shell ထဲဝင်လိုက်တယ် ။

su
root access ယူလိုက်တယ်။

mount -o remount ,rw /system
android ရဲ့ system partition ကို rw (read/write) ရအောင် mount လိုက်တယ် ။

dd if=/data/local/tmp/zawgyi.ttf of=/system/fonts/Roboto-Regular.ttf
tmp ထဲက zawgyi.ttf ကို font ဖိုဒါထဲကို Roboto-Regular.ttf ဆိုတဲ့နာမည်နဲ့ dding clone ရိုက်လိုက်တယ် ။

chmod 644 /system/fonts/*.ttf 
fonts ဖိုဒါထဲက .ttf နဲ့ ဆုံးတဲ့ ဖိုင်တိုင်းကို permission rw-r-r ပေးလိုက်တယ်
------------------------------------------------------------------------------
အပေါ်ကနည်းလမ်းက မြန်မာဖောင့်ကို system font ဖြစ်တဲ့ Roboto-Regular.ttf နဲ့ အစားထိုးလိုက်တဲ့ သမရိုးကျ နည်းလမ်းပါ ။

Android Version 4.0 နဲ့ အထက်ဖုန်းတိုင်းမှာ အဆင်ပြေပါတယ် ။
(COC မှာပါ မြန်မာဖောင့် မြင်ရပါတယ် )

ဒါပေမယ့် တစ်ခုရှိတာက နဂိုရ် Unicode ပါလာတဲ့ ဖုန်းတွေမှာ Roboto-Regular.ttf နဲ့ အစားထိုးရင် နေရာတိုင်းမှာ မမြင်နိုင်ပါဘူး .

နဂိုရ် ပါလာတဲ့ Unicode ကို တစ်ခုမကျန် ဖျက်ပြီး သူ့နေရာမှာ အစားထိုးမှ zawgyi ကို နေရာတိုင်းမှာ မြင်ရမှာပါ ။

နဂိုရ်ပါလာတဲ့ Unicode တွေကို ဘယ်လိုရှာမလဲ ။ ??

Unicode တွေက NotoSansMyanmar နာမည်တွေနဲ့လာပါတယ် Padauk နာမည်တွေနဲ့လာပါတယ် . command နဲ့ရှာချင်ရင်

adb shell "cat /system/etc/fallback_fonts.xml |grep Myanmar"
adb shell "cat /system/etc/fallback_fonts.xml |grep Padauk"

အဲ့နှစ်ကြောင်းရိုက်လိုက်ရင် Unicode နာမည်တွေကျလာပါလိမ့်မည် ။
တွေ့သမျှ Unicode နေရာတိုင်းမှာ zawgyi.ttf နဲ့ အစားထိုးရပါမယ် ။ ပုံမှာဆိုရင် NotosansMyanmar ၄ ဖိုင်တွေ့ပါတယ် ။ အဲ့ဒီ့ လေးဖိုင်လုံး နေရာမှာ အစားထိုးရပါမယ် ။

dd if=/data/local/tmp/zawgyi.ttf of=/system/fonts/NotoSansMyanmar-Regular.ttf
dd if=/data/local/tmp/zawgyi.ttf of=/system/fonts/NotoSansMyanmar-Bold.ttf
dd if=/data/local/tmp/zawgyi.ttf of=/system/fonts/NotoSansMyanmarUI-Regular.ttf
dd if=/data/local/tmp/zawgyi.ttf of=/system/fonts/NotoSansMyanmarUI-Bold.ttf

အဲ့လို ၄ နေရာလုံးမှာ အစားထိုးရပါမယ် ။
ဒါဆိုရင် Zawgyi ကို နေရာတိုင်းမှာ မြင်နိုင်ပါလိမ့်မယ် ။

Unicode ပါမပါ စစ်ကြည့်လို့ တစ်ခုမှ မပါလာဘူးဆိုရင် -
Android Version ကို စစ်ပါ ။
Android Version 4.0 ရဲ့ အောက်ဆိုလျှင် DroidSansFallback.ttf မှာ အစားထိုးပါ ။
Android Version 4.0 နှင့်အထက် ဆိုလျှင် Roboto-Regular.ttf မှာ အစားထိုးပါ ။
(COC မြန်မာဖောင့်မြင်ချင်လျှင် Roboto-Regular.ttf မှာအစားထိုးပါ ။
Facebook ရဲ့ နာမည်တွေမှာ မြန်မာဖောင့်မြင်ချင်လျှင် Roboto-bold.ttf မှာ အစားထိုးပါ ။ )

Unicode စစ်တဲ့ command ရိုက်ရတာ အဆင်မပြေလျှင် Show_Myanmar_Font.bat ကို Download ချ ပြီး Run ပါ ။ 

https://my.pcloud.com/publink/show?code=XZcDE4ZAPvzdCBEz98d7qNox4pTyV2wYQ7y

One Piece ကြည့်ချင်ရင် အောက်က Link မှာ ကြည့်ပါ ။ 
http://www1.watchop.io/
Ref ... N.L.K
                    အားလုံးကိုကျေးဇူးတင်လျက်
                              ဦးသူရိန်(နည်းပညာ)

  ✦✦✦Android ဗားရှင်းပြန်ပြင်ရေးနည်း✦✦✦








         
       ✦✦✦Aneroid ဗားရှင်းပြန်ပြင်ရေနည်း✦✦✦

ဖုန်းကလိတဲ့ သူများ ကြိုမယ်လို့ ထင်ပါတယ် မိမိဖုန်း ဗားရှင်း နှိပ်နေလို့ စိတ်ညစ်နေတဲ့ ဘော်ဒါတွေအတွက် တင်ပေးလိုက်ပါ။ 
✦အပျင်းစား ဆေးထိုးနည်းလို့ပြောရမယ်😃😃

✦အလုပ်နည်းလေးကို ပုံနဲ့ရှင်းပြထားပါတယ် သေချာကြည့်သွားပါ။

✦မှတ်ချက်✦ Root Explorer APKကို အသုံးပြုပါက မိမိဖုန်းမှာ Root Acc ရှိဖို့တော့လိုအပ်ပါတယ်။ 

လိုအပ်ရင် အောက်လင့်မှာ Downloadနိုင်ပါတယ်

Root Explorer V4.0.1
Ⓓⓞⓦⓝⓛⓞⓐⓓ➣➣ https://goo.gl/9NGveh
Ref;✦N.W.T✦

                   အားလုံးအဆင်ပြေကြပါစေ။
                         ဦးသူရိန်(နည်းပညာ)
                                                                                

Android လေ့လာသူတွေအတွက်အသုံးဝင်သော Mode 9 မျိုး





Android ဖုန်းစတင်လေ့လာမဲ့ သူတွေအတွက် အသုံးဝင် Mode 9 မျိုးAndroid  ဖုန်းကို စတင်လေ့လာတော့မယ်ဆိုရင် mode တွေ ဟာ အရေးပါလှပါတယ်အသုံးပြု တဲ့ CPU(Qualcomn,mtk.spd) ပေါ်မှုတည်ပြီး mode တွေလည်းကွဲပြားခြားနားပါတယ်။
(1) adb mode
(2)Fastboot mode
(3) Recover mode
(4) Safe mode
(5)Test mode
(6)Charging mode
(7)CPU mode
(8) Downloading mode
(9) Meta mode
        ဆိုပြီး ၉ မျိုး ရှိပါတယ်။Mode တစ်ခုခြင်းဆီပေါ်မှုတည်ပြီး firmware တင်နည်းတွေကအစကွဲပြားခြားနားပါတယ်

(1) #ADB mode ( Debug mode)ADB mode ဆိုတာ android debugging bridge ကိုပြောတာပါဒီ mode ဟာ mode တွေအားလုံးမှာ Power ful အဖြစ်ဆုံးပါ။အသုံးပြု တက်သလို အစွမ်းထက်တဲ့ mode ပါပဲadb mode ကို သုံးပြီး adb command တွေ အသုံးပြု ပြီး pattern lock တွေ ဖြည်လို့ ရတယ်adb mode သုံးပြီး root လုပ်လို့ ရတယ် Font တွေ  install လုပ်လို့ ရမယ် နောက် ဆုံးPC ကနေ apk တွေကို တိုက်ရိုက် install လုပ်မယ်ဆိုရင်တောင် adb command ဟာ အရေးပါလှပါတယ်adb mode ကို အသုံးပြု ဖို့မိမိ ဖုန်း ရဲ့ Driver ကို install လုပ်ထားရပါမယ်USB debugging ကို On ထားရပါမယ်Cable ကြိုး နဲ့ connect လုပ်ထားရပါမယ်.

(2) #Fastboot mode or bootloader mode(oem mode)ဒီ mode ဟာ လည်း service အတွက် အရေးပါလှ ပါတယ်android ဖုန်း power on လိုက်ရင် ပထမ ဆုံးမြင်ရတာကိုBoot logo လို့ ခေါ်ပြီးanimation လေးတွေ ပေါ်လာရင်boot animation လို့ ခေါ်ပါတယ်နောက်ဆုံး boot တက်ပြီးလို့ စတင်မြင်ရတာကိုတော့boot animation လို့ ခေါ်ပါတယ်။Fastboot mode ကိုသွားဖို့ အတွက် ဖုန်းကို power off လိုက်ပါပြီးရင်Power buttom + Volt down key နဲ့  တွဲ နိုပ်ပါဒါဆိုရင် boot logo မှာ တင်ရပ်နေပါလိမ့်မယ်အဲတာ က Fastbood mode ပါပဲဒါဆိုရင် firmware ကျတာ နဲ့ Fastboot mode ၀င်တာဘယ်လိုခွဲ မလည်းလွယ်ပါတယ် boot logo တက်တဲ့ အဆင့်မှာတင် Fast boot ကရပ်နေပါတယ်Firmware ကျတာကတော့ boot logo ပြီးရင် boot animation ဆက်တက်ပါတယ်ပြီးမှ ရပ်နေတာပါ ဒါဆိုရင်တော့ Firmware ကျပါပြီ ..........fastboot mode ကိုသုံးပြီး fastboot command တေbootloader unlockflashing partition တွေ ပြုလုပ်နိုင်မှာဖြစ်နိုင်ပါတယ်==============

(3) #Recovery mode (official mode)Recover mode မှာ official နဲ့ Custom နှစ်မျိုး ရှိပါတယ်official ကနေ သူ့ Original ပါပြီးReboot လုပ်နိုင်တယ်install update .zip ကနေ Firmware တွေ update လုပ်နိုင်တယ် တင်နိုင်မယ်Wipe Cache ကနေပြီး မလိုလားအပ်တဲ့ Cache file တွေကို Delete လုပ်ဖြစ်နိုင်မယ်နောက်ဆုံး Factory Reset တွေလုပ်နိုင်ပါမယ်Custom Recovery  ModeCustom Recovery mode က official recover mode ထက်ပိုပြီး useful ဖြစ်ပါတယ်။သူ့ ရဲ့ အဓိကအားသာချက်ကတော့ Rom တွေကို Backup နဲ့ Restore လုပ်နိုင်တာပါပဲနောက်ပြီိးတော့ install.zip ကနေပြီးတော့ Custom Rom တွေတင်နိုင်မယ်ပိုပြီးတော့ official ထက် useful ဖြစ်တဲ့ အကြောင်းတွေပါပဲကျန်တာတွေကတော့ official မှာပါတဲ့ အတိုင်းပါပဲRecover mode ကို ၀င်တဲ့ Key ကတော့ Power + Volt up , Power + Volt down (spectrum)Power on (logo ) Volt up + Volt down=========================================================================(4)#Safe modePower on (logo ) မြင်ရ ရင် Volt down ကို ဆက်တောက်ဆက်တောက်လေးနိုပ်ပေးပါSamsumg မှာဆို Home key + Volt down key ကို ဖိထား ရပါမယ်Safe mode မှာ Third party application တွေ Run လို့ မရတာကြောင့် application တွေ ငြိတဲ့ ချိန်မှာ Safe mode ကနေ၀င်ပြီး ဖြုတ်ချနိုင်ပါတယ်============================================================================(5)#Test mode (for spd only)ဒီ mode ကိုတော့ spectrum တွေမှာသာတွေ့ ရပါတယ်အများအားဖြင့် Clone တွေမှာပါTest mode ကိုဝင်ပြီးတော့adb command ကနေ Recover mode ကို ၀င်လို့ ရတက်ပါတယ်Power+ Volt up============================================================================(6)#Charging mode (mtk)Charging mode ကတော့ mtk chipတွေမှာ ပဲတွေ့ဒီ mode ကတော့ Firmware update မှာသုံးပါတယ်.txt အမျိုးအစားဖြစ်ပြီးတော့SP.flashtool နဲ့ တင်ရပါတယ်တင်တဲ့ ချိန် ဖုန်းကို ပါဝါပိတ်ကြိုးထိုးထားရပါမယ်။==============================================================================(7)CPU mode (spd)CPU mode ကို spectrum တွေမှာသာတွေ့ ရပါတယ်ဒီကောင်ကိုလည်း Firmware update မှာပဲသုံးပါတယ်.pac အမျိုး အစားဖြစ်ပြီးRESEARCH DOWNLOADER TOOL ကိုအသုံးပြု ရပါတယ်============================================================================(8)#Downloading mode (qualcomn)င်္firmware update လုပ်ဖို့ အနေအထားရှိကြောင်းပြတာပါFirmware တင်တဲ့ ချိန်လည်း အသုံးပြုလို့ ရတဲ့ mode ပါSamsumg မှာ  power+Home+Volt down Volt upMulti -downloader လို့လည်းခေါ်ကြပါတယ်Huawei မှာ Remove SD cardpower +Volt up+Volt down ဖိထားရင် Pink screen ကိုမြင်ရပါမယ်============================================================================(9)#Meta mode (mtk )ဒီ mode ကတော့ က useless မလို့ မဖော်ပြတော့ပါဘူးService  box တွေနဲ့ သာတွဲပြီးအသုံးပြု ရတာပါLenovo ဖုန်းတစ်ချို့ မှာသာLenovo meta mode ဆိုပြီး ပါတက်ပါတယ်===============================================##Lucifar
                     ##ဦးသူရိန်(နည်းပညာ)###

General Knowledge for IOS

Apple က iOS 9.3.4 ကို သာ Restore လုပ်ခွင့်ပြု့ထားလိုက်သော အခါ Jailbreak User များ အနေဖြင့် သတိထားအသုံးပြု့ရန် လို အပ်နေပါပြီး......

သတိထားအသုံးပြု့နေပါသော်လည်း ဖြစ် တက်သော သဘေားတရားအရ ......ဖြေရှင်ရန် နည်းလမ်းများကို သိထားရန်လိုအပ်ပါတယ်......

အရေးအကြီးဆုံး အချက် က မည်သည့် Jailbreak iDevice ကို မဆို  
Resets All Settings မလုပ်ရန် သတိပေးလိုပါတယ်။

iOS 9.2 မှ iOS 9.3.3 မှာ Jailbreak လုပ်ထားသော iDevices တွင် ဖြစ်တက်သော Error ဖြေရှင်းနည်းများ

1) Devices များတွင် Cydia Tweak မှား၍ install လုပ်မိပြီး BootLoop ဖြစ်နေခြင်း ကိုဖြေရှင်းနည်း

http://www.gclouds.info/2016/08/idevices-cydia-tweak-install-bootloop.html?m=0

2)iOS 9.2 မှ iOS 9.3.3 ကို Jailbreak လုပ်ထားသော iDevices တွင် ဖြစ်တက်သော Cydia Error များကိုဖြေရှင်းနည်း

http://www.gclouds.info/2016/08/ios-92-ios-933-jailbreak-idevices-cydia.html?m=0

3)iOS 9.2 ~ 9.3.3 ကို Jailbreak လုပ် ထားသော iDevices များတွင် PanGu or Pangu/PP Application ကို ဝင်လိုက်လျှင် ပြန်ထွက်သွား ပြီးပြန်ဂျေးလို့မရပါက .......ထို PanGu or Pangu/PP Application ကို ဖျက်လိုက်ပါ....အောက်ဖော်ပြပါနည်းလမ်း အတိုင်း ပြန်ဂျေးပါ။

http://www.gclouds.info/2016/08/ios-92-933-jailbreak-pangu-application.html?m=0

iOS 9.1 မှ iOS 9.1 အောက် Jailbreak လုပ်ထားသော iDevices မှာဖြစ်တက်သော Error ဖြေရှင်းနည်းများ

1) Devices များတွင် Cydia Tweak မှား၍ install လုပ်မိပြီး BootLoop ဖြစ်နေခြင်း ကိုဖြေရှင်းနည်း

http://www.gclouds.info/2016/08/idevices-cydia-tweak-install-bootloop.html?m=0

2) Cydia iCon ပျောက်သွားလျှင် ပြန်သွင်းနည်း

http://www.gclouds.info/2015/02/how-to-reinstall-cydia.html?m=0

3) Semi - Restore ကို ဖြင့် လက်ရှိ iOS version ကို Jailbreak မပျက်ဘဲး Restore ပြန်လုပ်နည်း

http://www.gclouds.info/2015/01/jailbreak-ios-50-812-restore-without.html?m=0

ဆက်လက်ဖော်ပြပါအုံးမည်း 

Credit to .... #KOMIN27

iDevices များ အတွက် အကောင်းဆုံး app switcher  Tweak လေးပါ...............




Lylac   Update
==================
iDevices များ အတွက် အကောင်းဆုံး app switcher  Tweak လေးပါ...............
*** Tweak Name ***
Lylac
*** Cydia Repo Name ***
http://repo.gclouds.info
iOS 9.3.3 အထိအဆင်ပြေပါသည်။
"Cydia Repo Add လုပ်နည်း"
Cydia Application ထည်းကိုဝင်ပါ။ Sources > Edit > Add ကိုတဆင့်ခြင်းဝင်ပြီး ကျလာသော Text Box တွင်အောက်က Repo link ကို အပြည့်အစုံရေးပါ။
http://repo.gclouds.info
ရေးပြီးပါက Add Sources ကိုရွေးပေးပါ။
(မှတ်ချက်! အင်တာနက်လိုင်း အသင့်အတင့်ကောင်းမှ add လို့ရပါမည်။
" / " (သို့) " . " စသည့် တို့ကိုအပြည့်အစုံရေးပါ။ ကျွန်တော် Cydia Tweak & Theme ကိုပြန်ရှယ်သော အချိန်တွင်( သို့) Update ပေးလျှင် Cydia ကို Refresh လုပ်ပေးပါ။)
            အားလုးံကိုလေးစားစွာဖြင့်
                ဦးသူရိန်(နည်းပညာ)
            Credit to ... #KOMIN27
     ___________ ********* _________

True Smart phone ရဲ့ Service App&Tool



True Smart phone အတွက်ပါ...
True Beyond 3 Unlock SIM
http://d-h.st/MbI0
True Beyond 3G Unlock File
http://d-h.st/yS4l
True smart 3.5 Unlock 3G all sim
http://d-h.st/76Bd
True Smart 4G Speedy 4.0 Unlock In Recovery
http://d-h.st/BsMx
True Smart 5.0 unlock 2SIM Firmware
http://d-h.st/0XTN
True smart 5.0 unlock only
http://d-h.st/4eCC
True Super 1 Unlock SIM
http://d-h.st/XxLL
True Super 2 Unlock SIM
http://d-h.st/4lpq
True Super 3 Unlock SIM
http://d-h.st/JbIZ
ဝေဖန်အကြုံပြချင်တာများကိုအောက်မှာပြောခဲ့ပါ
  
                      #ဦးသူရိန်(နည်းပညာ)

monkey test virus ကို အခြေခံကာကွယ်နည်း

ခုတစ်လော ခေတ်စားနေတဲ့ monkey test virus ကို အခြေခံကာကွယ်နည်းလေးပြောချင်လို့ပါ
ကျွန်တော်ဆရာမဟုတ်ပါ ဝါသနာ ပါလို့လေ့လာသူပါပဲ

နည်းကတော့ လွယ်လွယ်လေးနော်
ပထမဆုံး setting ကို ဝင်ပါ
ပြီးရင် sercurity ကို ဝင်
ပြီးရင် unknown source ကို ရှာ အမှန်ခြစ်ဖြုတ်ထားလိုက်ပါ
အဲ့လို အမှန်ခြစ်ဖြုတ်ထားရင် auto install ကို ကာကွယ်နိုင်ပါတယ်
ကိုယ် software တစ်ခုခု ထည့်ချင်မှ ပြန် အမှန်ခြစ်ပေးပေါ့
ပြီးရင် အမှန်ခြစ်ဖြုတ်ထားနော်

Virus ကိုက်နိုင်သော software names
များ
Flash keyboard
360 sercurity lite
Hola launcher
နဲ့ စသော
သတင်းတက်တဲ့ software တွေမှာ ကြော်ငြာတတ်စေတဲ့
Adfly တွေပါပါတယ်
အဲ့ဒါတွေက တစ်ခါတစ်ခါ ok နှိပ်ခိုင်းတဲ့ အခါ နှိပ်လိုက်ရင် virus appတွေကို ဒေါင်းပြီး unknown source on ထားတဲ့ ဖုန်းတွေကို auto install လုပ်ပါတယ်
Unknown source ကို အမှန်ခြစ်ဖြုတ်ထားခြင်းဖြင့်ကာကွယ်ပါ
Share လုပ်ခြင်းဖြင့် မသိသေးသူများကို ကူညီနိုင်ပါတယ်
                         #ဦးသူရိန်(နည်းပညာ)

Vault application အား password မသိဘဲကျော်ကြည့်နည်း

#Vault ဆိုတယ့် Application လေးကိုဘော်ဒါတို့သုံးဘူးမြင်ဘူးကြမှာပါ။အဲဒီ #Vault ဆိုတယ့်ကောင်လေးကိုပိုင်ရှင်ဆီက Password မမေးဘဲနဲ့ဒီအောက်က Application လေးနဲ့ကျော်ကြည့်ရအောင်နော်……
ဒီ Application အသုံးပြုမယ့်ဖုန်းမှာ Root Acess
တော့လိုပါတယ်ခင်ဗျာ။Root ရပြီးသားဆိုစမ်းသပ်ကြည့်ပါလားဘော်ဒါတို့။

လိုချင်သူများ #ဒေါင်း ရန်……

>>>>  http://pc.cd/XwSctalK  >>>>>

ကိုယ့်ဖုန်းမှာ USB Debugging ကို Enable လုပ်မထားခဲ့ရဘဲ Pattern Lock ကျတာပဲဖြစ်ဖြစ်.. တစ်ခုခုကြောင့် ဖုန်း Lock ကျသွားတဲ့အခါမျိုးမှာ ကျော်ဖြတ်နည်း

Pattern or Password Lock without usb debugging enable ဖြစ်နေတယ့်ဘဝတူညီအကိုတွေအတွက်တင်ပေးလိုက်တာပါဗျာ။ဆရာများအတွက်မဟုတ်ပါဘူး။ chat box မှာအကူညီတောင်းလာတယ့်ချစ်ညီလေးမျိုးမင်းစိုးနှင့် error တူတယ့်သူတွေအတွက်ပါဗျာ

<<<<<  ကဲ စပြီးကလိလိုက်ကြရအောင်ဗျာ >>>>>>

ကိုယ့်ဖုန်းမှာ USB Debugging ကို Enable လုပ်မထားခဲ့ရဘဲ Pattern Lock ကျတာပဲဖြစ်ဖြစ်.. တစ်ခုခုကြောင့် ဖုန်း Lock ကျသွားတဲ့အခါမျိုးမှာ ဒီ Tool က အဆင်ပြေပါလိမ့်မယ်..

လိုတာလေးတွေ ဒေါင်းလိုက်ပါအုံး ချစ်သူငယ်ချင်းတို့ရေ

၁။ MauiMETA_3G  Dowinload အတွက်ပါ>>>> http://www.mediafire.com/51779oei6alos6d>>>>>>>>>>>>

၂။ MTK usb VCOM Driver အတွက်ပါ >>>>>

http://www.datafilehost.com/d/b7ff7524
>>>>>>>

၃။ Pattern,Pin,Passowrd ဖျက်ဖို့အတွက်      Shaume or Rom Master or Mydroid or
Other software များကိုတော့ကြိုက်တယ့် Tool သာ ရှာဒေါင်းလော့ရယူလိုက်ကြပါ။
လိုအပ်တာတွေစုံပြီဆိုရင်တော့...
၁။ ဖုန်းကိုပါဝါပိတ်လိုက်ပါ...
၂။ MauiMETA ကို install လုပ်ပြီး ဖွင့်လိုက်ပါ....
၃။ menu bar ကနေ Option>Connect smart phone into META mode ကိုနှိပ်ပါ
reconnect button ကိုနှိပ်ပါ

၎။ ပြီးတာနဲ့ ဖုန်းကို vol up ကိုနှိပ်ထားပြီး usb ကြိုးချိတ်လိုက်ပါ..  vol up ကိုမလွှတ်ပါနဲ့ ဆက်နှိပ်ထားပါ စက္ကန့်၂၀လောက်နှိပ်ထားလိုက်ရင်.. figure-2 ထဲကလိုပုံလေးပေါ်လာပြီဆိုရင် ဖုန်းဟာ META mode ထဲရောက်သွားပါပြီ logo မှာပဲရပ်နေပါလိမ့်မယ်....

၅. ဒါဆိုရင်တော့ Adb က သိမယ့်အနေအထားရောက်သွားပါပြီ.. Adb နဲ့ စစ်ကြည့်ရင် ဖုန်းကို သိနေပါလိမ့်မယ်... Adb သိပြီဆိုတော့ Adb နဲ့ပတ်သက်တဲ့ လုပ်ဆောင်ချက် အမျိုးမျိုး လုပ်လို့ရပြီပေါ့ဗျာ... သေချာအောင် PC Suite တစ်ခုခုနဲ့ စစ်ကြည့်ပါ.. အောက်က ပုံမှာတော့ Pattern Lock ဖြည်ဖို့အတွက် ROM master ကိုဖွင့်လိုက်တာ ဖုန်းကို Adb သိနေတဲ့အနေအထားပါ... Adb သိနေတော့ Pattern ကို တစ်ချက်ပဲ နှိပ်ပြီး ဖြုတ်လိုက်ပါဗျာ >>>>User Data တွေ မဆုံးရှုံးတော့ဘူးပေါ့...Tool နဲ့မဖြုတ်ဘဲ ADB Command သုံးဖြုတ်ချင်သူတွေအတွက်အောက်မှာဆက်လေ့လာပါဗျာ  >>>>>>>

#######ADB use to pattern / password remover######

ဖုန်းကို Usb Debugging On ထားပြီး Computer နဲ့ချိတ်ဆက်လိုက်ပါ Driver သိနေဖို့တော့လိုအပ်ပါမယ်...
အားလုံးအဆင်ပြေပြီဆိုရင်တော့ကျွန်တော်တို့Comm Box မှာ
adb devices (device သိမသိစစ်ဆေးခြင်း)
adb install (apk name) (apk သွင်းခြင်း)
adb shell su (root ရှိမရှိစစ်ဆေးခြင်း)
adb install -s(apk name)(apkSDCardထဲသွင်းခြင်း)
adb uninstall(apk name)(apk ဖြတ်ထုတ်ခြင်း)
adb shell (phone အတွင်းသို့ဝင်ခြင်း)
adb pull (phone ထဲမှာထုတ်ယူခြင်း)
adb push (phone ထဲသို့ထည့်သွင်းခြင်း)
adb shell getprop ro.product.model
(phone model အမျိုးအစားကြည့်ခြင်း)
adb shell getprop ro.build.version.release
(phone version ကိုကြည့်ခြင်း)
adb shell dumpsys iponesubinfo "Device ID"
(phone imei ကိုကြည့်ခြင်း)
adb reboot (phone ကို power ပိတ်ပြီးပြန်ဖွင့်ခြင်း)
adb reboot recovery (recover mod သို့ဝင်ခြင်း)
adb reboot download(downloade mod ဝင်ခြင်း)
adb reboot bootloader (fastboot mod ဝင်ခြင်း)
adb oem unlock (code no) (BL unlock လုပ်ခြင်း)
adb shell
su
rm/data/system/gesture.key
reboot
(phone pattern lock ဖျက်ခြင်း root လိုသည်)

adb shell
su
rm/data/system/passowrd.key
(phone password lock ဖျက်ခြင်း root လိုသည်)

ကဲသိတာတတ်တာကတော့ဒီလောက်ပါဘဲဒီထက်ပိုသိချင်တတ်ချင်ရင်တယ်ဆိုရင် ဆရာ့ဆရာကြီး တွေ Site သာရှာပြီးလေ့လာကြပါဗျာ ။ ဘဝတူပညာသင်ညီအကိုတွေနဲ့ဆရာသမားတွေကိုအစဉ်လေးစားလျက် .....

Credit for all friend..........

               
                  ### ဦးသူရိန် ###
                         San Pya
(Electronic&MobilePhone Repair Service)
             Lan Ma Daw ၊ Shwebo ။
                        075.22760